ယခု၂၀၂၃ခုနှစ်၊ဇူလိုင်လ တတိယပတ်တွင် အောင်ပန်းချင်းများ ပြည်ဈေးကွက်သို့ ပိဿာ(၃၀)ဝင်အိတ်၊ (၃၀၀)ခန့်ရှိပြီး ယခင်ဇူလိုင်လ ဒုတိယပတ်ကထက် အိတ် (၁၅၀)ခန့် ပိုမိုဝင်ရောက်လာပါသည်။ ယခုနှစ်သည် ချင်းဈေးကောင်းသည့်နှစ်ဖြစ်ပြီး ယခင်အပတ်တွင် ချင်းဈေး တစ်ပိဿာလျှင် (ပွဲရုံဈေး) (၉၀၀)ကျပ်၊ လက်လီဈေးမှာ တစ်ပိဿာလျှင် (၁၅၀၀)ကျပ်အထိဈေးကျခဲ့ပြီး၊ ယခုအပတ်တွင် ချင်းတစ်ပိဿာလျှင် (ပွဲရုံဈေး) (၄၅၀၀)ကျပ်၊ လက်လီဈေး (၈၀၀၀)ကျပ်နှင့် ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ပြည်ဈေးကွက်တွင် တစ်နေ့ကိုချင်းပိဿာချိန် (၅၀၀)ခန့် ပုံမှန်အရောင်းအဝယ်ဖြစ်ပြီး ဈေးကွက်မှတစ်ဆင့် ဧရာဝတီနှင့် ရခိုင်ဘက်သို့ စားသုံးမှုအဖြစ် တစ်နေ့လျှင် ပိဿာချိန် (၃၀၀)ခန့် တင်ပို့မှုရှိပါသည်။
DOCA(ပဲခူး)