ပြည်မြို့ ဖူးစားပြောင်းဈေးကွက်

Powered by Drupal

       ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့အတွင်းရှိ ဈေးကွက်များတွင် ယခု၂၀၂၃ခုနှစ်၊ဇူလိုင်လ တတိယအပတ်၌ ဖူးစားပြောင်းများလှိုင်လှိုင်ထွက်ပေါ်လာပြီဖြစ်ပါသည်။ ဖူးစားပြောင်းများကို ပြည်မြို့နယ်အတွင်းရှိ မှော်ဇာ၊ တောင်လုံးညို၊ ဆင်မြီးဆွဲ၊ ဖိုးခေါင်ရွာတို့မှ စတင်ထွက်ပေါ်နေပြီဖြစ်ပါသည်။ ထွက်ရှိလာသော ပြောင်းဖူးများကို ပြည်မြို့နယ်အတွင်းဈေးကွက်များနှင့် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချလျက်ရှိပါသည်။ ထွက်ရှိလာသောပြောင်းဖူးများကို ဖုတ်၍သော်လည်းကောင်း၊ ပြုတ်၍သော်လည်းကောင်း၊ အစေ့ထုတ်၍သော်လည်းကောင်း ရောင်းချကြပြီး တစ်ဖူးလျှင် (၃၀၀-၄၀၀)ကျပ်ထိ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)