“ပက်ကြဲစနစ် မိုးစပါးစိုက်ပျိုးမှုအခြေအနေ”

Powered by Drupal

    မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် မိုးစပါး စိုက်ဧက(၁၅၃၁၄)ဧကစိုက်ပျိုးရန် လျာထားလျက်ရှိကြောင်း  သက်ဆိုင်ရာစာရင်းများအရ သိရှိရပါသည် ။   ယခုအချိန်တွင် မိုးစပါးများ စိုက်ပျိုးရန် တောင်သူဦးကြီးများပျိုးထောင်လျက်ရှိပါသည်။ဇူလိုင်လ ဒုတိယပတ်မှစတင်၍ ပက်ကြဲစနစ်များဖြင့် စိုက်ပျိုးလျက်ရှိပါသည်။ ပက်ကြဲစနစ်တွင် (၁)ဧကလျှင် စပါး(၁)တင်းနှင့်(၄)ပြည် ကုန်ကြကြောင်း ၊ ပျိုးထောင်စိုက်ပျိုးလျှင် (၁)ဧကလျှင် စပါး(၂)တင်းနှုန်းပျိုးထောင်ရကြောင်း ၊ ပျိုးထောင်စရိတ်အနေဖြင့် (၁၀၀၀၀၀/)ကျပ်ခန့် ကုန်ကျကြောင်း ၊ ပက်ကြဲစနစ်တွင် သွင်းအားစု၊မျိုး အပါအဝင် တစ်ဧကကုန်ကျစရိတ်အနေဖြင့် (၄၃၀၀၀၀/) ကျပ်ခန့်သာ ကုန်ကျကြောင်း၊ ပျိုးထောင်စိုက်ပျိုးမှုတွင် သွင်းအားစု၊ မျိုးအပါအဝင် တစ်ဧကကုန်ကျစရိတ်အနေဖြင့် (၆၃၅၀၀၀/)ကျပ်ခန့် ကုန်ကျကြောင်း ၊ ပက်ကြဲစိုက်ပျိုးမှုတွင် ပျိုးထောင်စိုက်ပျိုးမှုထက် ကုန်ကျစရိတ် (၂၀၀၀၀၀/)ကျပ် ကျော်ခန့် သက်သာသောကြောင့် တောင်သူအများစုမှာ  ပက်ကြဲစနစ်ကို အများဆုံးစိုက်ပျိုးလာကြကြောင်း၊ အထွက်နှုန်းအနေဖြင့် ကောက်စိုက်စနစ်တွင် (၁)ဧက တင်း(၆၀)အထက် ထွက်ရှိကြောင်း ၊ ပက်ကြဲစနစ်တွင် ကုန်ကျစရိတ်သက်သာပြီး အထွက်နှုန်း အနည်းငယ်လျော့နည်းကြောင်း ၊ မျိုးအနေဖြင့် ပ‌ဒေသာစပါးမျိုးတစ်တင်းလျှင် (၂၇၀၀၀/)ကျပ်၊ လေးလသက်တမ်းပဒေသာစပါးမျိုး၊ ဧရာပ‌ဒေသာ စပါးမျိုး လေးလသက်တမ်းနှင့် သုခပဒေသာမျိုး သုံးလသက်တမ်းတိုမျိုးများကိုလည်း စိုက်ပျိုးကြကြောင်း၊ နွေစပါးနှင့်မိုးစပါးစိုက်ပျိုးမှုတွင် အထွက်နှုန်းအနေဖြင့် နွေစပါးက ပိုမိုထွက်ရှိကြောင်း ၊ ယခုနှစ်တွင် မိုးရွာသွန်းမှုအားကောင်းသောကြောင့် မြစ်ရေ ၊ ဆည်ရေများဖြင့် ပက်ကြဲစနစ်အသုံးပြုကာ မိုးစပါးများ စိုက်ပျိုးလျက်ရှိကြောင်း‌ ပက်ကြဲမျိုးစပါးများကို ယခုအချိန်တွင် (၃)ပုံ(၂)ပုံနီးပါးစိုက်ပျိုးလျက်ရှိကြောင်း၊ ဧကနည်းသောတောင်သူများမှာ  ကုန်ကျစရိတ်  မသိသာသော်လည်း မိုးစပါးဧက စိုက်ပျိုးမှုများသောတောင်သူများမှာ ကုန်ကျစရိတ် အလွန်ပင်သက်သာသောကြောင့်ဖြင့် ပက်ကြဲစနစ်မိုးစပါးများကို အများဆုံးစိုက်ပျိုးလာကြကြောင်း ကွင်းဆင်းသည့်ကျေးရွာတောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)