“နွေနှမ်းများရိတ်သိမ်းပြီးစီးမှုနှင့်စျေးနှုန်းအခြေအနေ”

Powered by Drupal

      မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်တွင် နွေနှမ်းများအောင်မြင်စွာ စိုက်ပျိူးနိုင်ခဲ့ပြီး ကျောက်ဆည်မြို့နယ်တွင်(၃၀၉၀၄)ဧက ၊ စဉ့်ကိုင်မြို့နယ်တွင်(၂၀၉၅၆)ဧကနှင့် မြစ်သားမြို့နယ် တွင် (၂၈၉၂၉)ဧက စုစုပေါင်း နွေနှမ်းစိုက်ဧက(၈၀၇၈၉)ဧကကို အောင်မြင်စွာစိုက်ပျိုးနိုင်ခဲ့ပါသည်။ ယခုအချိန်တွင် နွေနှမ်းများအောင်မြင်စွာ ရိတ်သိမ်းပြီးဖြစ်ပါသည် ။ တစ်ဧက အထွက်နှုန်းအနေဖြင့် (၁၃/၁၄)တင်းထွက်ရှိကြောင်း၊ နွေနှမ်း တစ်ဧကလျှင် ကုန်ကျစရိတ်အနေဖြင့် သွင်းအားစု ၊ လုပ်သားခအပါအဝင် စုစုပေါင်း(၂၆၀၀၀၀/)ကျပ်ခန့် ကုန်ကျကြောင်း သိရှိရပါသည်။ စိုက်ပျိုးသောမျိုးများမှာ နှမ်းဖြူ ၊ နှမ်းညိုနှင့် နှမ်းနက်မျိုးများကို အများဆုံးစိုက်ပျိုးကြပြီး အများဆုံး စိုက်ပျိုးသောမျိုးမှာ နှမ်းဖြူမျိုးဖြစ်ပါသည် ။ နှမ်းဖြူမျိုးများကို အများဆုံးစိုက်ပျိုးရခြင်းမှာ တခြားနှမ်းမျိုးထက် ဈေးနှုန်းကောင်းမွန်ခြင်း၊ အထွက်နှုန်းကောင်းခြင်းတို့ကြောင့် တောင်သူအများစုမှာ နှမ်းဖြူမျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း သိရှိရပါသည် ။ နှမ်းဈေးနှုန်းများအနေဖြင့် ယခင်နှစ်တွင် နှမ်းဖြူ တစ်တင်းလျှင်(၅၉၀၀၀/)ကျပ်၊ နှမ်းနက်ရိုးရိုး တစ်တင်းလျှင်(၅၄၀၀၀/)ကျပ်၊ နှမ်းနက်စမုံ တစ်တင်း လျှင်(၅၂၀၀၀/)ကျပ် ၊ နှမ်းညိုတစ်တင်းလျှင် (၅၄၀၀၀/)ကျပ် ဈေးနှုန်းများရှိပြီး ယခုလက်ရှိ နှမ်း ဈေးနှုန်းအနေဖြင့် နှမ်းဖြူတစ်တင်းလျှင် (၁၁၉၀၀၀/)ကျပ် ၊ နှမ်းနက်ရိုးရိုးတစ်တင်း (၉၀၀၀၀/)ကျပ်၊ နှမ်းညိုတစ်တင်းလျှင် (၈၅၀၀၀/)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေပါသည်။ ယခုလက်ရှိ နှမ်းဆီဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင်(၁၄၅၀၀/)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း၊ နှမ်းဈေးနှုန်းနှင့် နှမ်းဆီဈေးနှုန်းများ ကောင်းမွန်သောကြောင့် နှမ်းစိုက်ပျိုးသော တောင်သူများအတွက် အကျိုးအမြတ်များ ပိုမိုရရှိကြောင်း တောင်သူတစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)