စီပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ပေးရေး လုပ်ငန်းတွင်သာမက ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကိုပါ လုပ်ကိုင်ဆောင်ရွက်လျှက်ရှိရာ ကန့်ဘလူမြို့နှင့် ကျွန်းလှမြို့တို့၏ ရာသီသီးနှံများအကြောင်းကိုလည်း လစဉ်၊ အပတ်စဉ် တင်ပြလျက်ရှိပါသည်။ ယခုဇွန်လ နောက်ဆုံးပတ်နှင့် ဇူလိုင်လဆန်းပိုင်းတို့တွင် ပန်းထိမ်ငို(ခေါ်)ပန်းထိမ်မနိုင်ပန်းများ ဈေးကောင်းရရှိကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
ပန်းထိမ်ငို(ခေါ်)ပန်းထိမ်မနိုင်ပန်းများကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နှင့် ကျွန်းလှမြို့တို့တွင် တစ်ပိုင်တစ်နိုင်မျှသာ စိုက်ပျိုးကြပြီး ပန်းထိမ်ငို(ခေါ်) ပန်းထိမ်မနိုင်ပန်းများသည် တစ်ခါစိုက်ပျိုးပြီးပါက နှစ်စဉ်စိုက်ခင်းသစ်များ ပြန်လည်စိုက်ပျိုးရန်မလိုဘဲ သူ့ရာသီချိန်ရောက်လျှင် အပင်များပြန်လည်ထွက်ပေါ်လာကာ အပင်ပွားများကို သားခွဲစိုက်ပျိုးပေးရပါသည်။ မိုးရာသီတွင် ပေါ်ပေါက်ပြီး ဇွန်လဝက် လောက်မှာ ဈေးကွက်ဝင် ပန်းခိုင်များစပေါ်ပြီး (၂)လ လောက်သာ ထွက်ရှိပါသည်။ ပန်းထိမ်ငို(ခေါ်) ပန်ထိမ်မနိုင်ပန်းများဟာ မိုးရေကို ပိုမိုကြိုက် နှစ်သက်ပါကြောင်း၊ ပန်းထိမ်ငို(ခေါ်)ပန်းထိမ်မနိုင်ပန်းသည် အဖြူရောင်၊ ဗေဒါရောင်၊ ခရမ်းပုတ်ရောင်ဟူ၍ (၃)ရောင်လောက်ရှိပါသည်။ပန်တိမ်ငို (ခေါ်) ပန်ထိမ်မနိုင်ပန်းများကို သူ့ချည်းသက်သက် စိုက်ပျိုးကြသူများရှိသလို နှစ်ရှည်ပင်များကြားတွင် ကြားညှပ်စိုက်ပျိုး ကြသူများလည်း ရှိပါသည်။ ပန်းထိမ်ငို(ခေါ်)ပန်းထိမ်မနိုင်ပန်းများကို စိုက်ပျိုးရာတွင် အပင်နှင့်အခက်များ ကြီးထွားစေရန်အတွက် အပင်နှင့်အပွင့်အားဆေးများ သုံးစွဲပေးရပြီး ရောဂါဒဏ်ကာကွယ်ရန်အတွက် မှိုသတ်ဆေး၊ ပိုးသတ်ဆေးများ သုံးစွဲပေးရကြောင်း သိရှိရပါသည်။
ပန်းထိမ်ငို (ခေါ်) ပန်းထိမ်မနိုင်ပန်းများသည် ဇွန်လဆန်းပိုင်းတွင် ပန်းတစ်ခိုင်လျှင် (၅၀၀)ကျပ် နှုန်းဖြင့် ရောင်းချရပြီး ယခုဇူလိုင်လမှာဆိုလျှင် လှိုင်လှိုင်ပေါလာပြီဖြစ်သဖြင့် (၃၀၀/၃၅၀)ကျပ်နှုန်း ဝယ်ယူ ရောင်းချလျက်ရှိပါကြောင်း မြို့မစည်ပင်သာယာဈေးရှိ ပန်းသည်တစ်ဦးထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)