တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၌ မုံရွာမြို့ဆီကုန်သည်များအသင်း၏ စားအုန်းဆီ ရောင်းချပေးနေမှုတို့အား ကွင်းဆင်းကြီးကြပ်

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကိုဖွဲ့စည်းပြီး ပြည်ပမှတင်သွင်းလာသည့်စားသုံးဆီများ သတ်မှတ်အရည်အသွေးစံချိန်စံညွှန်းများနှင့်ပြည်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့် ညီညွှတ်သောစားသုံးဆီများကိုသုံးစွဲနိုင်ရေး၊ စျေးနှုန်းတည်ငြိမ်စွာဝယ်ယူစားသုံးနိုင်ရေး၊ ကမ္ဘာ့စားအုန်းဆီစျေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်စျေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် (၁၈-၇-၂၀၂၃) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် မုံရွာမြို့၊ တိုင်းဒေသကြီးသမဝါယမဦးစီးဌာနရှိ ဝန်ထမ်းများအား ကုမ္ပဏီများမှဖြန့်ဖြူးရောင်းချသောစားအုန်းဆီများကို စစ်ကိုင်းတိုင်းဒေသကြီး၊ ဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်များအသင်းက စျေးကားဖြင့် စားအုန်းဆီ (၁) ပိဿာလျှင် (၄၇၀၀) ကျပ်၊ ဘူးခွံတစ်ဘူးလျှင် (၈၀၀) ကျပ်၊ စုစုပေါင်းစားအုန်းဆီ (၁) ပိဿာလျှင် (၅၅၀၀) ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် (၁) ပိဿာနှုန်းရောင်းချပေးနေမှုကို မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းတို့က သွားရောက်ပူးပေါင်းကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။

    ထို့သို့ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ရာ၌ စားသုံးသူပြည်သူများအဆင်ပြေချောမွေ့စွာဝယ်ယူနိုင်ရေး၊ စားအုန်းဆီစျေးနှုန်းများမှန်ကန်ရေး၊ အလေးချိန်ပြည့်ဝမှန်ကန်မှုရှိစေရေး၊ စားအုန်းဆီဝယ်ယူရာတွင် စနစ်တကျရှိစေရေး ကြီးကြပ်ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)