သံတွဲမြို့၊ မူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

Powered by Drupal

    ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူး ဦးဝင်းနိုင် (ဦးစီးအရာရှိ) နှင့် ဝန်ထမ်းများသည် (၁၄-၇-၂၀၂၃) ရက်နေ့၊ နေ့လယ် (၂:၃၀) နာရီအချိန်တွင် သံတွဲမြို့၊ အံတော်ကျောင်းအခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျောင်းသား/သူများကို စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများဟောပြောခဲ့ပါသည်။

   အဆိုပါဟောပြောပွဲတွင် အံတော်ကျောင်းအခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီးနောက် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဝင်းနိုင် (ဦးစီးအရာရှိ) က စားသုံးသူကာကွယ်ရေးဆိုင်ရာအကြောင်းအရာများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း၊ ဦးမျိုးမြင့်ထွန်း (ဒု-ဦးစီးမှူး) က အစားအသောက်နှင့်ကုန်စည်များကို ဘေးအန္တရာယ်ကင်းရှင်းစွာရွေးချယ်ဝယ်ယူသုံးစွဲတတ်စေရေးနှင့် ကုန်ပစ္စည်းများပေါ်တွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါဝင်မှုရှိ/မရှိကို သေချာစွာလေ့လာဖတ်ရှုပြီးမှသာ ဝယ်ယူသုံးစွဲသင့်ကြောင်း အကျယ်တဝင့်အသိပညာပေးဟောပြောခြင်းတို့ဆောင်ရွက်ခဲ့ကာ ကျောင်းသား/သူများကို စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)