![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/82.jpg?itok=sUoJNEG0)
၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၁၂) ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်တွင် မကွေးမြို့၊ ပြည်တော်သာရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးရှေ့၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မကွေးမြို့နယ်အတွင်းရှိ ပြည်သူများထံသို့ တန်ဖိုးသင့်အခြေခံစားကုန်များကို စျေးနှုန်းသက်သာစွာရောင်းချရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ရောင်းချပေးရာတွင် ဆန် (၁) ပြည်လျှင် ကျပ် (၃၂၀၀)၊ စားအုန်းဆီ (၅) ကျပ်သားလျှင် ကျပ် (၂၂၀၀)၊ ကြက်ဥ (၁) လုံးလျှင် ကျပ် (၂၀၀)၊ ကြက်သွန်နီ (၅၀) ကျပ်သားလျှင် ကျပ် (၁၂၅၀)၊ ကုလားပဲ (၁) ဘူးလျှင် ကျပ် (၈၀၀)၊ အိုင်အိုဒင်းဆား (၁) ထုပ်လျှင် ကျပ် (၁၅၀) နှုန်းတို့ဖြင့် အိမ်ထောင်စု (၄၅၀) စုတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကြီးကြပ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့တို့သည် စျေးနှုန်းသက်သာစွာ တိုက်ရိုက်ရောင်းချပေးခဲ့ရာ ဆန် (၂) အိတ်လျှင် တန်ဖိုးငွေ ကျပ် (၁၅၃၆၀၀)၊ ဆီ (၅၅၀) ပိဿာလျှင် တန်ဖိုးငွေ ကျပ် (၂၄၂၀၀၀၀)၊ ကြက်ဥ (၅၀၀ )လုံးလျှင် တန်ဖိုးငွေ ကျပ် (၁၀၀၀၀၀)၊ ကြက်သွန်နီ (၃၀ )ပိဿာလျှင် တန်ဖိုးငွေ ကျပ် (၇၅၀၀၀)၊ ကုလားပဲ (၁၅ )ပြည်လျှင် တန်ဖိုးငွေ ကျပ် (၉၆၀၀၀)၊ ဆား (၅၀) ထုပ်လျှင် တန်ဖိုးငွေ ကျပ် (၇၅၀၀)၊ စုစုပေါင်းတန်ဖိုးငွေ ကျပ် (၂၇၆၅၇၀၀) ရောင်းချပေးနိုင်ခဲ့သဖြင့် နေ့စဉ် လူမှုစီးပွားဘဝအတွက် အထောက်အပံ့ဖြစ်စေနိုင်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(မကွေး)