![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/84_0.jpg?itok=nwSqL6Jv)
ယခုအခါတွင် မိုးရာသီကာလရောက်ရှိလာပြီဖြစ်သဖြင့် ရာသီတုတ်ကွေးရောဂါများ အများအပြားဖြစ်ပွားလျက်ရှိပါသည်။ မကွေးမြို့ပေါ်ရှိ ဆေးဆိုင်များတွင် အိမ်သုံးဆေးဝါးများကို ဖျားနာမှုအတွက် အဓိကဝယ်ယူလျက်ရှိကြပါသည်။ အိမ်သုံးဆေးဝါးများ၏စျေးနှုန်းများမှာ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ ပထမအပတ်နှင့် ဒုတိယအပတ်တို့ကိုနှိုင်းယှဉ်ပါက ဆေးဝါးစျေးနှုန်းများမှာ အတက်အကျရှိကြောင်းသိရှိရပါသည်။
မကွေးမြို့နယ်အတွင်းရှိ စျေးကွက်အတွင်းဖြစ်ပေါ်လျက်ရှိသော အိမ်သုံးဆေးဝါးနှင့်အားဆေးများ၏ စျေးနှုန်းများမှာ Decolgen (၁၀) လုံးပါတစ်ကတ်လျှင် ကျပ် (၁၄၀၀)၊ Civit အလုံး (၁၀၀) ပါတစ်ဘူးလျှင် ကျပ် (၁၅၀၀)၊ Paracetamol (၁၀) လုံးပါ တစ်ကတ်လျှင် ကျပ် (၃၀၀)၊ Biogesic (၁၀) လုံးပါတစ်ကတ်လျှင် ကျပ် (၉၀၀)၊ Amoxicillin အလုံး (၁၀၀) ပါတစ်ဘူးလျှင် ကျပ် (၄၇၅၀)၊ Burmeton အလုံး (၁၀၀) ပါတစ်ဘူးလျှင် ကျပ် (၁၆၀၀)၊ Cetrine (၁၀) လုံးပါတစ်ကတ်လျှင် ကျပ် (၂၀၀)၊ Enervon-C (၄) လုံးပါတစ်ကတ်လျှင် ကျပ် (၁၄၅၀)၊ Oramin-G (၅) လုံးပါတစ်ကတ်လျှင် ကျပ် (၃၀၅၀)၊ Becozinc (၁၀)လုံးပါတစ်ကတ်လျှင် ကျပ် (၃၇၀၀)၊ Vitahome (၁၀) လုံးပါတစ်ကတ်လျှင် ကျပ် (၁၇၀၀)၊ Supradyn (၁၀) လုံးပါတစ်ကတ်လျှင် ကျပ် (၁၈၃၀၀)၊ Sara (၁၀) လုံးပါ တစ်ကတ်လျှင် ကျပ်(၉၀၀)၊ Vitacee (၁၅) လုံးပါတစ်ကတ်လျှင် ကျပ် (၃၈၅၀)၊ Flemex (၁၀) လုံးပါတစ်ကတ်လျှင် ကျပ် (၃၂၀၀)၊ Solmux (၄) လုံးပါ တစ်ကတ်လျှင် ကျပ် (၁၁၀၀)၊ Woods (၁၅) လုံးပါတစ်ကတ်လျှင် ကျပ် (၇၆၅၀)၊ Alexal (၁၀) လုံးပါတစ်ကတ်လျှင်ကျပ် (၂၁၀၀)၊ Mixagrip (၄) လုံးပါတစ်ကတ်လျှင် ကျပ် (၇၀၀)နှင့် ဓာတ်ဆား MPF (၁) ထုပ်လျှင် ကျပ် (၃၀၀) တို့ဖြစ်ကြောင်း ဆေးဆိုင်များမှလေ့လာသိရှိရပါသည်။
DOCA(မကွေး)