ဇူလိုင် (ဒုတိယပတ်) တွင်ဖြစ်ပေါ်နေသော ဆိပ်ဖြူကြက်သွန်နီဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

     ဆိပ်ဖြူမြို့၊ ကြက်သွန်နီဈေးကွက်သို့ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့မှ (၁၄) ရက်နေ့၊ ဒုတိယအပတ်အတွင်း နေ့စဉ်ကုန်ချိန်ပိဿာ (၅) သောင်းခန့်၊ (၁) ပတ်အတွင်း စုစုပေါင်းပိဿာ (၃) သိန်းခန့် ကုန်စည်ဒိုင်နှင့် ပွဲရုံများသို့ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

      ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (ဒုတိယပတ်) အတွင်း ကြက်သွန်နီ (၁) ပိဿာဈေးနှုန်းမှာ အမြင့်ဈေး ထိပ်စ (ရှယ်) ကျပ် (၁၈၀၀) မှ ကျပ် (၁၈၇၅)၊ အလတ်စ ကျပ် (၁၇၀၀) မှ ကျပ် (၁၇၅၀)၊ အနိမ့်ဈေး ကျပ် ( ၁၅၀၀) မှ ကျပ် (၁၆၀၀) ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခင်ဇူလိုင်လ (ပထမပတ်) တွင် ကြက်သွန်နီထိပ်စအမြင့်ဆုံးဈေးမှာ (၁) ပိဿာလျှင် ကျပ် (၁၈၅၀) မှ ကျပ် (၁၉၅၀) ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ယခုအပတ်တွင် ထိပ်စ (ရှယ်) တစ်ပိဿာလျှင် ကျပ် (၇၅) ဈေးကျပြီး အလတ်စနှင့် အနိမ့်စတို့မှာ (၁) ပိဿာလျှင် ကျပ် (၅၀) ခန့်ဈေးကျ၍ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

    ဆိပ်ဖြူမြို့မှ ကြက်သွန်နီများကို ပြည်တွင်းဖြန့်ဖြူးမှုအနေဖြင့် ရန်ကုန်ဘုရင့်နောင်ပွဲရုံနှင့် ဧရာဝတီတိုင်းဒေသကြီးသို့ တင်ပို့လျက်ရှိပြီး ပြည်ပပို့ကုန်အဖြစ် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ် နိုင်ငံများသို့ ကုန်စည်စီးဆင်းလျက်ရှိကြောင်း ကြက်သွန်နီဈေးကွက်မှသိရှိရသည်။ ယခုဇူလိုင်လ (ဒုတိယပတ်) အတွင်း ကြက်သွန်နီစုစုပေါင်းပျမ်းမျှပိဿာချိန် (၃) သိန်းခန့်၊ (၁၀၀၀၀) အိတ်၊ တန်ချိန် (၄၉၀) ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ဈေးကွက်မှသိရှိရပါသည်။

   ဆိပ်ဖြူမြို့၊ ပတ္တမြားဈေးအတွင်းရှိ ဈေးတန်းများတွင် ကြက်သွန်နီ၏ အရွယ်အစားအရည်အသွေးကိုလိုက်၍ (၁) ပိဿာလျှင် လက်လီဈေး ကျပ် (၁၆၀၀) မှ ကျပ် (၂၂၀၀) ဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)