ကန့်ဘလူ မြို့မစည်ပင်သာယာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

Powered by Drupal

          ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေးအတွင်းရောင်းချနေသော သစ်သီးဝလံများမှာ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့ရှိသစ်သီးပွဲရုံများမှ အသီးသီး ဝင်ရောက်လျက်ရှိပါသည်။

          ၂၀၂၃ခုနှစ်၊ ဇူလိုင်လ တတိယအပတ်တွင် ဖြစ်ပေါ်လျက်ရှိသော သစ်သီးဝလံဈေးနှုန်းများ မှာ ပန်းသီး(အကြွပ်) ပိုက်စွပ်(၁)လုံးလျှင် (၁၅၀၀)ကျပ်၊ ပန်းသီး(ယိုးဒယားအကြွပ်) (၁)လုံးလျှင် (၃၀၀၀)ကျပ်၊  စပျစ်သီး (အလုံးသေး) (၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ စပျစ်သီး(အလုံးလတ်) (၁) ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ စပျစ်သီး (အလုံးကြီး) (၁)ပိဿာလျှင် (၂၀၀၀၀)ကျပ်၊  ပန်းသစ် တော်သီး (၁)လုံးလျှင် (၃၀၀၀)ကျပ်၊  ဖီးကြမ်းငှက်ပျောသီး (၁)ဖီးလျှင် (၁၀၀၀)ကျပ်၊ ခွန်စိမ်း ရိုးရိုး(၁)ဖီးလျှင် (၁၀၀၀ မှ ၁၂၀၀)ကျပ်၊ ဖရဲသီး (၁)လုံးလျှင် (၂၅၀၀ မှ ၃၀၀၀)ကျပ်၊ ကြက်မောက်သီး (၁)တွဲလျှင် (၁၅၀၀)ကျပ်၊ ရင်ကွဲသရက်သီး (၁)လုံးလျှင် (၅၀၀)ကျပ်၊ နာနတ်သီး (အသေး) (၁)လုံးလျှင် (၁၅၀၀)ကျပ်၊ နာနတ်သီး (အကြီး) (၁)လုံးလျှင် (၂၀၀၀)ကျပ်၊ လိမ္မော်သီး (၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ နဂါးမောက်သီး (၁)လုံးလျှင် (၅၀၀ မှ ၁၀၀၀)ကျပ်၊ သခွားမွှေး (၁)လုံးလျှင် (၃၀၀၀)ကျပ်၊ နှင်းသီး (၁)ပိဿာလျှင် (၁၀၀၀၀)ကျပ်ဖြင့် အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မြို့မစည်ပင်သာယာဈေးအတွင်း ရောင်းချသော သစ်သီးဆိုင်များမှ သတင်း ရရှိပါသည်။

DOCA(စစ်ကိုင်း)