ကရင်ပြည်နယ်အတွင်း မိုးစပါးစိုက်ပျိုးရာသီကာလ ဓာတ်မြေဩဇာဈေးနှုန်း အတက်အကျ အနည်းငယ်ရှိ

Powered by Drupal

    ကရင်ပြည်နယ်အတွင်း မိုးစပါးစိုက်ပျိုးရာသီကာလနှင့် ရာဘာသီးနှံ မြေပြုပြင်ကာလဖြစ်သော ဇူလိုင်လအတွင်း သွင်းအားစုမြေဩဇာများ ဈေးနှုန်း အပြောင်းအလဲဖြစ်ခဲ့ကြောင်း သိရသည်။

   သွင်းအားစုမြေဩဇာများဖြစ်သော ရွှေကောမတ် ၅၀ ကီလို တစ်အိတ်လျှင် ယခင်အပတ်က ၁၂၀၀၀၀/ကျပ်ရှိခဲ့ရာမှာ ယခုအပတ်တွင် ၁၁၀၀၀၀/ ဖြင့် တစ်အိတ်လျှင် ဈေး ၁၀၀၀၀ ကျပ် ဖြင့် လည်းကောင်း၊ ပုလဲသာ ရွှေနဂါး ၅၀ ကီလို၁ အိတ်လျှင် ယခင်အပတ်က ၇၅၀၀၀/ကျပ်၊ ယခုအပတ် ၇၃၀၀၀/ ကျပ်သို့လည်းကောင်း၊ THAI 46-0-0 မှာ ယခင်အပတ်က ၇၅၅၀၀/ကျပ်မှ ယခုအပတ် ၇၅၀၀၀/ ကျပ်သို့လည်းကောင်း အသီးသီးဈေးနှုန်းကျဆင်းခဲ့၍ GH 15-15-15 မှာ ယခင်အပတ်က ၁၃၂၀၀၀/ကျပ်မှ ယခုအပတ် ၁၃၅၀၀၀/ ကျပ်သို့ ဈေးအနည်ငယ်တက်ခဲ့ကြောင်း သိရသည်။ 12-6-33 ဆင်ဖြူတော်နှင့် Caso4.2h 20-98% ဂျစ်ဆန်တို့မှာ ဈေးနှုန်းအတက်အကျမရှိဘဲ ဈေးငြိမ်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)