ချောင်းဆုံမြို့နယ်၊ အ-ထ-က (ကွမ်သဲ) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းနှင့် ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများပြုလုပ်

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ချောင်းဆုံမြို့နယ်တာဝန်ခံတို့သည် (၁၃-၇-၂၀၂၃) ရက်နေ့တွင် ချောင်းဆုံမြို့နယ်၊ အ-ထ-က (ကွမ်သဲ) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပခဲ့ပါသည်။

    အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝါဝါမြိုင်က စားသုံးသူရေးရာဦးစီးဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များကိုရှင်းလင်းပြောကြားခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာများ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုဖြစ်လာလျှင် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) သို့လည်းကောင်း၊ Consumer Call Center No. (1535) သို့လည်းကောင်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း၊ www. doca. gov. mm တွင်လည်းဝင်ရောက်တိုင်ကြားနိုင်ကြောင်းတို့ကိုဟောပြောဆွေးနွေးခဲ့ပြီး ဌာန၏လက်ကမ်းစာစောင်များဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါဟောပြောဆွေးနွေးပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူစုစုပေါင်း (၂၁၈) ဦးတက်ရောက်ခဲ့ကြပါသည်။

   ထို့နောက် ကျောင်းဝင်းအတွင်း တားမြစ်ထားသည့်စာသောက်ကုန်များရောင်းချခြင်းရှိ/မရှိ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး ဆိုင်ရှင်များအား တားမြစ်ထားသောအစားအသောက်များကိုရောင်းချခြင်းမပြုရန်၊ ကျန်းမာရေးနှင့်ညီညွတ်မျှတသည့်အစားအသောက်များ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိသော အစားအသောက်များကိုသာရောင်းချကြရန် အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)