ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ပုသိမ်ခရိုင် MSMEs ကုန်စည်ပြပွဲနှင့် ဈေးရောင်းပြပွဲကို (၁၂-၇-၂၀၂၃) ရက်နေ့၊ မွန်းလွဲ (၁၄:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ စီးပွားရေးရာဝန်ကြီး ဦးတင်အေးနှင့် ပုသိမ်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူး ဦးလင်းကိုကိုတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပါသည်၊၊
ပြပွဲတွင် ခရိုင်အတွင်းကုမ္ပဏီနှင့်စီးပွားရေးလုပ်ငန်းရှင်များက ခင်းကျင်းပြသထားသော လယ်ယာသုံးပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း၊ ဆန်စပါးလုပ်ငန်း၊ ဆားလုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်း၊ လက်မှုလုပ်ငန်း၊ ရေထွက်ပစ္စည်းလုပ်ငန်း၊ စပါးခွံလောင်စာတောင့် လုပ်ငန်း၊ ရွှေမြင်းပျံဟာလဝါလုပ်ငန်း၊ ငွေကျားဆီစက်လုပ်ငန်း၊ ကြီးမြင့်ကိတ်မုန့်လုပ်ငန်း၊ နုထွေးချင်းသုပ်လုပ်ငန်း၊ ဒေါ်စာမဝက်အူချောင်းလုပ်ငန်း၊ ရေချိုငါးပိလုပ်ငန်း၊ သီဟဆန်စက်လုပ်ငန်း၊ တီတီမေဝက်အူချောင်း၊ ကြက်အူချောင်းလုပ်ငန်း၊ ကြိမ်၊ ဝါး၊ ဗေဒါလက်မှုလုပ်ငန်း၊ ရေကြည်ပေါ်ဆန်ဘေးကြားလုပ်ငန်း၊ KSO သီဟိုဠ်စေ့လုပ်ငန်း၊ ဖိုးထူးအင်း၏ မျှင်ငါးပိလုပ်ငန်းအပါအဝင် စုစုပေါင်းပြခန်း (၄၀) ကျော်ပါဝင်ပြသခဲ့ကြောင်းသိရပါသည်၊၊
ယခုကဲ့သို့ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်များကိုပြုလုပ်ပေးခြင်းဖြင့် စီးပွားရေးလုပ်ငန်းရှင်များအတွက် ဈေးကွက်အခွင့်အလမ်းကောင်းများရရှိနိုင်သကဲ့သို့ ဝယ်ယူသူများအတွက် တစ်နေရာတည်း၌ ဒေသထွက်ကုန်များကို စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်သည့်အတွက် လုပ်ငန်းရှင်နှင့်ပြည်သူများမှာ အကျိုးကျေးဇူးများရရှိမည်ဖြစ်ကြောင်းနှင့် ဈေးရောင်းပွဲတော်ကို ဇူလိုင်လ ၁၂ရက်နေ့မှ ၁၅ရက်နေ့အထိ (၄) ရက်အကြာပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်၊၊
DOCA(ဧရာဝတီ)