ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၌ စားသုံးသူအသိပညာပေးဟောပြော

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဘောမ်ဇုန်း (ရုံးအုပ်) သည် (၁၇-၇-၂၀၂၃) ရက်‌နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာခန်းမ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပါသည်။

  ဟောပြောဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်များမှ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများ၊ စားသုံးသူများ၊ လုပ်ငန်းရှင်များ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ၏အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ ကုန်ပစ္စည်းဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားကိုသေချာစွာဖတ်ရှု၍ သတင်းအချက်အလက်ပြည့်စုံသော မိမိလိုအပ်ချက်နှင့်ကိုက်ညီပြီး စိတ်ကျေနပ်မှုရရှိသည့် ကုန်စည်များကိုသာဝယ်ယူရန် အကျယ်တဝင့်ဆွေးနွေးခဲ့ကာ တက်ရောက်လာသူများအား လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ရပ်မိရပ်ဖနှင့် ကျေးရွာသူ/ကျေးရွာသား (၅၃) ဦးတက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ကချင်)