စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် အခြေခံကွန်ပျူတာနည်းပညာသင်တန်း (၁/၂၀၂၃) ဖွင့်လှစ်

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် အခြေခံကွန်ပျူတာနည်းပညာသင်တန်း (၁/၂၀၂၃) ဖွင့်ပွဲကို ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၂၄ရက်နေ့၌ ကျင်းပခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်နှင့် တာဝန်ရှိသူများ၊ သင်တန်းသား/သူများတက်ရောက်ခဲ့ကြ​ပါသည်။

   သင်တန်းဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီးဦးစီးမှူးက အဖွင့်အမှာစကားပြောကြားပြီးနောက် မိမိတို့ရုံးအနေဖြင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများ၊ နည်းပညာဆိုင်ရာသင်တန်းများ၊ စားသုံးသူရေးရာပညာပေးသင်တန်းများကို စီမံချက်များချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဌာနအကြီးအကဲများ၏ လမ်းညွှန်ချက်များအရ ဝန်ထမ်းတိုင်းသည် ဒီဂျစ်တယ်နည်းပညာများကို တတ်မြောက်ထားရန်လိုအပ်ကြောင်း၊ ကွန်ပျူတာအခြေခံဘာသာရပ်များကို ကြေညက်ကျွမ်းကျင်စွာတတ်မြောက်ထားရန်လိုအပ်ကြောင်း၊ သင်တန်းတွင်သင်ပေးသမျှကို သေချာစွာမှတ်သားကြရန်၊ မသိနားမလည်သည်များကိုမေးမြန်းကြရန်နှင့် စဉ်ဆက်မပြတ်လေ့ကျင့်ကြရန်လိုအပ်ကြောင်းပြောကြားခဲ့ပါသည်။ ထို့နောက် ဒုတိယညွှန်ကြားရေးမှူး ဦးဝေဖြိုးထက်က သင်တန်းဖွင့်လှစ်ပို့ချရခြင်း၏ရည်ရွယ်ချက်များ၊ သင်တန်းတွင်ပို့ချမည့် ဘာသာရပ်များနှင့် သင်တန်းစည်းကမ်းများကိုရှင်းလင်းပြောကြားခဲ့ပါသည်။

     သင်တန်းကို ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၂၄ရက်နေ့မှ ၂၈ရက်နေ့အထိ စုစုပေါင်း ၅ရက်အကြာကျင်းပသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် မုံရွာခရိုင်ဦးစီးမှူးရုံးတို့မှ သင်တန်းသား/သူ စုစုပေါင်း ၂၀ဦးတို့ကို သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)