မိတ္ထီလာမြို့နယ်ရှိ ကုန်စိမ်းလက်ကားစျေးနှုန်းအခြေအနေ

Powered by Drupal

                    မိတ္ထီလာမြို့နယ်ရှိ ဘဲကန်စျေး(သို့) နံနက် (၈) နာရီစျေးတွင် ထမုန်ကန်၊ ဆယ်ကုန်း၊ ညောင်မြင့်၊ မန္တလေးနှင့်ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ အများဆုံးဝင်ရောက် ရောင်းချလျက်ရှိကြောင်း၊ ဂေါ်ဖီထုပ် တစ်ထုပ်လျှင် (၄၀၀-၇၀၀) ကျပ်၊ ပန်းပွင် တစ်ပွင့်လျှင် (၃၀၀-၈၀၀) ကျပ်၊ မုန့်ညှင်းဖြူထုပ် တစ်ပိဿာလျှင်(၁၂၀၀-၁၅၀၀) ကျပ်၊ ရွှေပဲသီး တစ်ပိဿာလျှင် (၃၅၀၀-၄၀၀၀) ကျပ်၊ ဘိုစားပဲသီး တစ်ပိဿာလျှင် (၁၁၀၀-၁၂၀၀) ကျပ်၊ ခါကြက်ဥ တစ်ပိဿာလျှင် (၃၀၀၀-၃၅၀၀) ကျပ်၊ ငရုတ်သီးစိမ်း (မိုးထောင်) တစ်ပိဿာလျှင် (၂၂၀၀-၂၃၀၀) ကျပ်၊ ခရမ်းသီး တစ်ပိဿာလျှင် (၂၀၀၀-၂၅၀၀) ကျပ်၊ ခဝဲသီး တစ်ပိဿာလျှင် (၇၀၀-၈၀၀) ကျပ်အတွင်း၊ ကြက်ဟင်းခါးသီး တစ်ပိဿာလျှင် (၁၁၀၀-၁၂၀၀) ကျပ်အတွင်း၊ မုံလာဥဖြူ တစ်ပိဿာလျှင် (၁၆၀၀-၁၈၀၀) ကျပ်၊ ပဲတောင့်ရှည် တစ်ပိဿာလျှင် (၁၅၀၀-၁၇၀၀) ကျပ် ဖြစ်ကြောင်း သိရှိရပါသည်။ ဘဲကန်စျေးအတွင်းသို့ တစ်ရက်လျှင် ပန်းပွင့် ပေါင်း (၄၅၀) ကျော်၊ မုန့်ညှင်းဖြူ ပိဿာ (၅၀၀) ကျော်၊ ရွှေပဲသီး ပိဿာ (၅၀) ခန့်၊ ဘိုစားပဲသီး ပိဿာ (၄၀၀) ကျော်၊ ခါကြက်ဥပိဿာ (၆၀၀) ကျော်၊ ခရမ်းသီးပိဿာ(၆၀၀) ခန့်၊ ပဲတောင့်ရှည်ပိဿာ (၇၀) ကျော်၊ ခဝဲသီးပိဿာ (၄၀၀) ကျော်ခန့်၊ သံပရာသီး (၁၀) လုံးလျှင် (၃၀၀-၅၀၀) ကျပ်အထိ၊ သံပရာသီး ကုန်ချိန်အလုံး‌ပေါင်း လေးသောင်းကျော်ခန့် ဝင်ကြောင်းသိရပါသည်။

           မိတ္ထီလာမြို့မှ မလှိုင်စျေးပတ်ကား၊ တောင်သာ စျေးပတ်ကား၊ ပျော်ဘွယ်စျေးပတ်ကားနှင့် မိတ္ထီလာမြို့ပေါ်နှင့် မိတ္ထီလာအတွင်းရွာများမှလည်းစျေးကားများဖြင့် လာရောက်ဝယ်ယူ၍ ပြန်လည် ရောင်းချကြကြောင်း သိရှိရသည်။

DOCA(မန္တလေး)