စစ်ကိုင်းခရိုင်အတွင်း Sprite အချိုရည်အား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ ဒု-ခရိုင်ဦးစီးမှူး ဦးဆောင်၍ ခရိုင်ရုံးဝန်ထမ်း(၂)ဦး၊ စစ်ကိုင်းမြို့နယ်တာဝန်ခံတို့သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ဇူလိုင်လ(၁၈)ရက်နေ့ နံနက် (၁၀း၃၀)နာရီအချိန်တွင် စစ်ကိုင်းမြို့ပေါ်ရှိ လက်လီ၊ လက္ကားဖြန့်ဖြူးရောင်းချနေသော မြကျွန်းသာ၊ ငွေမိုးလျှံ ကုန်မျိုးစုံအရောင်းဆိုင်(၂)ဆိုင်သို့ ကွင်းဆင်း၍ Coca-Cola Pinya Beverages Myanmar(CCPBM) ကုမ္ပဏီမှ ထုတ်လုပ်သည့် Sprite အမှတ်တံဆိပ်နှင့် အချိုရည်နှင့်ပုံစံတူ ထိုင်းဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားသော အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) တွင် မှတ်ပုံတင်ထားခြင်းမရှိသည့် Sprite အချိုရည်များ ဈေးကွက်အတွင်း ရောင်းချနေခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     အဆိုပါ အရောင်းဆိုင် (၂)ဆိုင်၌ ထိုင်းဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားသော အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) တွင် မှတ်ပုံတင်ထားခြင်းမရှိသည့် Sprite အချိုရည်များ ဈေးကွက်အတွင်း ရောင်းချမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ထို့နောက် စစ်ကိုင်းခရိုင်၊ စားသုံးသူ‌ရေးရာဦးစီးဌာနအနေဖြင့် စစ်ဆေးခဲ့သော ဆိုင်ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈) ပုဒ်မ(၄၁)၊ ပုဒ်မခွဲ (ခ)နှင့်(ဆ)အရ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက် ပို၍တွဲလျက်ဖြစ်စေ ကုန်အညွှန်းအမှတ်အသား‌ဖော်ပြပါရှိသည့် ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူရောင်းရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)