နွေစပါးနှင့် ဆန်ဈေးနှုန်းများ မြင့်တက်

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် ၂၀၂၃ခုနှစ်၊ဇူလိုင်လ နောက်ဆုံးပတ်တွင်  နွေစပါးနှင့် ဆန်ဈေးနှုန်းများမှာ ယခင်အပတ်ထက် အနည်းငယ်မြင့်တက်လာပါသည်။ ဇူလိုင်လ၊ နောက်ဆုံးပတ်တွင် ရွှေဝါထွန်းစပါး တင်း(၁၀၀)လျှင် (၁၆၀၀၀၀ဝိ/-)ကျပ်နှင့် ဆန်တစ်အိတ်လျှင် (၇၀၀၀ဝိ/-)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဆန်စက်ပိုင်များထံမှ သိရှိရပါသည်။ ဇူလိုင်လ၊ တတိယပတ်၌ ရွှေဝါထွန်းစပါး တင်း(၁၀၀)လျှင် (၁၅၅၀၀၀ဝိ/-)ကျပ်နှင့် ဆန်တစ်အိတ်လျှင်(၆၄၀၀ဝိ/-)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သဖြင့် တတိယပတ်နှင့် နောက်ဆုံးပတ် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်း နှိုင်းယှဉ်ပါက နောက်ဆုံးပတ်၌ တတိယပတ်ထက် ရွှေဝါထွန်းစပါး တင်း(၁၀၀)လျှင် (၅၀၀၀ဝိ/-)ကျပ်နှင့် ဆန်တစ်အိတ်လျှင် (၆၀၀ဝိ/-)ကျပ် ဈေးမြင့်တက်ခဲ့ကြောင်း၊ ယခင်နှစ်ကာလတူ၌ ရွှေဝါထွန်းစပါး တင်း(၁၀၀)လျှင် (၆၈၀၀၀ဝိ/-)ကျပ်နှင့် ဆန်တစ်အိတ်လျှင် (၂၈၅၀ဝိ/-)ကျပ် သာပေါက်ဈေးရှိခဲ့သဖြင့် ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုနှစ်တွင် ယခင်နှစ်ကာလတူထက် ရွှေဝါထွန်းစပါး တင်း(၁၀၀)လျှင် (၉၂၀၀ဝိ/-)ကျပ်နှင့် ဆန်တစ်အိတ်လျှင် (၄၁၅၀ဝိ/-)ကျပ်ဈေးမြင့်တက်ခဲ့ကြောင်း၊ ယခုနှစ်နွေစပါးပေါ်ချိန်၏ နွေဆန်ဈေးနှုန်းမှာ ပြည်ပပေါက်ဈေးထက် ပြည်တွင်းဈေးနှုန်းပိုများနေသဖြင့် ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ခြင်းမရှိသေးသော်လည်း ပြည်တွင်းဈေးကွက်တွင် ယခင်နှစ်နှင့် ယခင်အပတ်များထက် ဈေးနှုန်းများမြင့်တက်လျက်ရှိကြောင်း ဆန်စက်ပိုင်နှင့် ကုန်သည်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)