![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/sagaing4_0.jpg?itok=hJ2ih4rF)
မိတ္ထီလာစျေးကွက်အတွင်း ဇူလိုင်လနှောင်းပိုင်း၌ ခရမ်းချဉ်သီးစျေးအနည်းငယ်ကျဆင်းလာပါ သည်။ ခရမ်းချဉ်သီးကို ဟင်းအနှစ်အပြင် နံနက်စာအတွက် မီးဖုတ်၍ ငရုတ်သီး၊ ကြက်သွန်ဖြူတို့နှင့် ရောနှောထောင်းကာ စားသုံးကြပါသည်။ ထိုသို့ ချက်ပြုတ်စားသုံးရာတွင် ဗမာခရမ်းချဉ်မျိုးမှာ အချဉ်ဓါတ်များခြင်းကြောင့် ပိုမိုကောင်းမွန်သည့်အပြင် ဒေသတွင်း၌ ၎င်းမျိုးကို ရှေးယခင်မှစ၍ ယခုတိုင် အဓိကထား စိုက်ပျိုးကြပါသည်။ သို့သော်လည်း ဒေသမျိုးမှာ တာရှည်အထားမခံခြင်းကြောင့် ဒေသမျိုးအပြင် ရှမ်း၊ အင်းသီးမျိုးများကိုလည်း စိုက်ပျိုးရာ ယခုအခါ ပျိုးထောင်ပြီး အပင်များ စတင်စိုက်ပျိုးဆဲကာလဖြစ်ပါသည်။ ဒေသတွင်း ခရမ်းချဉ်များ ထွက်ရှိခြင်းမရှိသေးသော်လည်း စျေးကွက်သို့ အခြားဒေသများမှ ဝင်ရောက်နေရာ ယခင်တစ်ပတ်က ဗမာခရမ်းချဉ် တစ်ပိဿာလျှင် (၆၀၀၀) ကျပ်မှ ယခုတစ်ပတ် (၄၀၀၀) ကျပ်သို့လည်းကောင်း၊ အင်း၊ ထိုင်ဝမ် ခရမ်းချဉ်သီး တစ်ပိဿာလျှင် ယခင်တစ်ပတ်က တစ်ပိဿာ (၂၀၀၀) ကျပ် ရှိခဲ့ရာမှ (၁၆၀၀) ကျပ်သို့ လည်းကောင်း စျေးအနည်းငယ်ကျဆင်းကြောင်း သိရသည်။
DOCA(မန္တလေး)