![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/bgo 11_0.jpg?itok=fZ4J3Hwe)
၂၀၂၃ ခုနှစ် ၊ ဇူလိုင်လ တတိယပတ်အတွင်း မိတ္ထီလာမြို့နယ်တွင် အခြေခံစားသောက်ကုန် များဖြစ်သော စိုက်ပျိုးရေးထွက်ကုန် ရွှေဘိုပေါ်ဆန်းအသစ် တစ်ပြည် ၄၅၀၀ ကျပ်နှင့်အဟောင်း တစ်ပြည်လျှင် ၅၀၀၀ ကျပ်၊ ဧမထ တစ်ပြည် ၃၂၀၀ နှင့် ငစိန်တစ်ပြည် ၂၅၀၀ ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီတစ်ပိဿာလျှင် ၇၈၀၀ကျပ်၊ မြေပဲဆီ တစ်ပိသာလျှင် ၁၄၀၀၀ ကျပ် ၊ နှမ်းဆီတစ်ပိဿာလျှင် ၁၄၀၀၀ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်နီ လက်လီတစ်ပိဿာ ၂၂၀၀ ကျပ် ၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင် ၆၀၀၀ ကျပ်၊ ချင်းတက် တစ်ပိဿာ လျှင် ၅၀၀၀ကျပ် ၊ ငရုတ်သီး ခြောက်အမျိုးအစားအလိုက် ၁၆၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်ထိ ၊ အာလူး တစ်ပိဿာလျှင် ၂၈၀၀ ကျပ် ၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ၁၅၀၀ ကျပ် နှင့် ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ မုန်ညှင်းရွက်၊ ဆလပ်ရွက်တစ်စီးလျှင် ၂၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
မွေးမြူရေးထွက်ကုန်များဖြစ်သော ကြက်ဥလက်လီဈေးနှုန်းမှာ အကြီးတစ်လုံး ၂၈၀ ကျပ်၊ အသေးတစ်လုံး ၂၃၀၊ ဘဲဥကြီး တစ်လုံး ၃၅၀ ကျပ်၊အသေးတစ်လုံး ၃၀၀ ကျပ်ရှိသည်။ မိတ္ထီလာမြို့၏ သား/ငါးဈေးနှုန်းနှင့် ငါးခြောက်ဈေးနှုန်းများမှာ ကြက်သား (ဒေသကြက်)တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်၊ ကြက်သား (CP)တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်၊ ဝက်သား တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ် ၊ အမဲသား တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်ထိ ၊ ငါးကြင်းတစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ ငါးမြင်းတစ်ပိသာ ၁၆၀၀၀၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ၈၀၀၀ ကျပ်၊ ငါးတန်တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ် ၊ ငါးခူတစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်၊ ငါးရံ့တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ ငါးဘတ်တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ ငါးဖယ် တစ်ပိဿာလျှင် ၁၁၀၀၀ ကျပ်၊ ငါးခြောက်လက်လီဈေးနှုန်းမှာ အာပြဲခြောက် တစ်ပိဿာ ၂၃၀၀၀ ကျပ် ငါးရံ့ခြောက်တစ်ပိဿာ ၅၀၀၀၀ ကျပ်၊ ငါးတံခွန်ခြောက်တစ်ပိဿာ ၁၅၀၀၀ ကျပ်၊ ငါးနီတူခြောက် တစ်ပိဿာ ၁၂၀၀၀ကျပ်၊ ငါးရောင်ခြောက် တစ်ပိဿာ ၃၂၀၀၀ ကျပ်၊ ပုစွန်ခြောက် တစ်ပိဿာ ၄၃၀၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)