![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/6.20_2.jpg?itok=X3mvtcTu)
ရွှေဘိုမြို့ အမှတ်(၁၀)ရပ်ကွက်ရှိ ကုန်းဘောင်ဈေးတွင် ဇူလိုင်လ နောက်ဆုံးပတ်တွင် ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ပုပ္ပားမြို့နှင့် မတ္တရာမြို့မှထွက်ရှိသည့် မာလကာသီး တစ်လုံးလျှင် (၂၀၀)ကျပ်မှ(၃၅၀)ကျပ်ထိ၊ ပန်းသီး တစ်လုံးလျှင် (၇၀၀)ကျပ်မှ (၂၅၀၀) ကျပ် ထိ၊ ပန်းသစ်တော်သီး တစ်လုံးလျှင် (၃၀၀၀)ကျပ်၊ သစ်တော်သီး တစ်လုံးလျှင် (၃၀၀)ကျပ်မှ (၅၀၀) ကျပ်၊ ကြက်မောက်သီး တစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊နာနတ်သီး တစ်လုံးလျှင် (၅၀၀)ကျပ်မှ (၈၀၀)ကျပ်ထိ၊ ဆားတောင်မြို့နှင့် ရွှေပန်းကုန်းရွာမှ ထွက်ရှိသည့် ငှက်ပျောသီး ဖီးကြမ်း တစ်ဖီးလျှင် (၁၂၀၀)ကျပ်မှ (၁၅၀၀)ကျပ်၊ ၊ ခင်ဦးမြို့နယ်မှ ထွက်ရှိသော ပိန္နဲသီး တစ်လုံးလျှင် ၁၅၀၀ကျပ်မှ ၃၅၀၀ ကျပ်ထိ၊ ဒေသတွင်းမှ ထွက်ရှိသည့် သင်္ဘောသီး တစ်လုံးလျှင် (၈၀၀)ကျပ်မှ (၁၂၀၀)ကျပ်၊ ဗန်းမော်မြို့မှ မှာယူရောင်းချသည့် သစ်ကြားသီး တစ်လုံးလျှင် (၁၅၀)ကျပ်၊ ပုပ္ပါးမြို့မှ ထွက်ရှိသည့် နဂါးမောက်သီး တစ်လုံးလျှင် (၅၀၀)ကျပ်မှ (၁၂၀၀)ကျပ် ထိ၊မက်မွန်သီး တစ်လုံးလျှင် (၁၅၀၀)ကျပ်၊ ဒူးရင်းသီး တစ်လုံးလျင် (၄၅၀၀)ကျပ်မှ (၉၀၀၀) ကျပ်ထိ၊ မင်းကွတ်သီး တစ်လုံးလျှင် (၃၀၀)ကျပ်ဖြင့် အသီးသီး အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်းဘောင်ဈေးအတွင်း ရောင်းချသောသစ်သီးဆိုင်များမှ သတင်းရရှိသည်။
DOCA(စစ်ကိုင်း)