တောင်ငူမြို့၊ ညောင်ပင်ဈေးရှိ သစ်သီးအရောင်းဆိုင်များတွင် ဇူလိုင်လ၊ တတိယအပတ်တွင် ပန်းသီးတစ်လုံးလျှင် ၁၅၀၀ကျပ်မှ ၂၀၀၀ကျပ်အထိရှိပါသည်။ ပန်းသစ်တော်သီးမှာ တစ်လုံးလျှင် ၃၀၀၀ကျပ်ရှိပါသည်။
စပျစ်သီးမှာ ၂၅ကျပ်သားလျှင် ၆၀၀၀ကျပ်မှ ၈၀၀၀ကျပ်အထိရှိပြီး အစေ့လွတ်စပျစ်သီး မှာ ၂၅ကျပ်သားလျှင် ၈၀၀၀ကျပ်ရှိပါသည်။
လိမ္မော်သီးမှာ အသေး/အကြီးပေါ်မူတည်၍ အသေးတစ်ပိဿာလျှင် ၆၀၀၀ကျပ်၊ အလတ်တစ်ပိဿာလျှင် ၈၀၀၀ကျပ်နှင့် အသေးတစ်ပိဿာလျှင် ၁၀၀၀၀ကျပ်ရှိပါသည်။
သစ်တော်သီးမှာ တစ်ပိဿာလျှင် ၅၀၀၀ကျပ်ရှိပြီး နာနတ်သီးမှာ တစ်လုံးလျှင် ၁၅၀၀ကျပ်ရှိသဖြင့် သစ်သီးဈေးနှုန်းမှာ ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် အတက်၊ အကျအနည်းငယ်သာရှိကြောင်း သိရပါသည်။
DOCA(ပဲခူး)