![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၁၉၄_2.jpg?itok=CAMJY65r)
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ အင်္ဂလှိုင်ဂန်ကျေးရွာတွင် ပဲစောင်းလျားသီးများစိုက်ပျိုးထွက်ရှိကြောင်း သိရသဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၂၁-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်၌ ကွင်းဆင်းလေ့လာ၍ စိုက်ပျိုးမှုနှင့် အကျိုးအမြတ်များကိုမေးမြန်းဆွေးနွေးခဲ့ပါသည်။
ပဲစောင်းလျားသီးမှာ တို့စရာအဖြစ် အသုံးပြု၍ရသည့်အပြင် သုပ်၍လည်းစားသုံးကြပါသည်။ ရွှေတောင်မြို့နယ်၊ အင်္ဂလှိုင်ဂန်ကျေးရွာတွင် ပဲစောင်းလျားသီးစိုက်ပျိုးသော တောင်သူ ဦးစိုးမြင့်လေးနှင့်တွေ့ဆုံ၍ မေးမြန်းရာ ပဲစောင်းလျားသီးပင်ကို ကဆုန်လတွင်စတင်၍ အစေ့များကို ကျင်းတူးပြီး တစ်ကျင်းလျှင် အစေ့ (၃) စေ့ထည့်၍ စိုက်ပျိုးကြောင်းသိရပါသည်။ ပဲစောင်းလျားစိုက်ဧကများအတွက် စိုက်ပျိုးမြောင်း (၂၀) ခန့်ရှိကြောင်းသိရပါသည်။ စိုက်ပျိုးမြောင်းတစ်မြောင်းလျှင် အပင်ရေ (၃၀) ခန့်ရှိပြီး လာမည့်ဒုတိယဝါဆိုလတွင် အသီးများစတင်ခူး ဆွတ်ရပါသည်။ အသီးများလှိုင်လှိုင်ပေါ်ချိန်တွင် တစ်ရက်ခြားလျှင် တစ်ခါခူးဆွတ်၍ တစ်ခါခူးဆွတ်လျှင် အတောင့်ရေ (၅၀၀၀) ခန့်ရရှိကြောင်း သိရပါသည်။ ပဲစောင်းလျားဈေးနှုန်းအနေဖြင့် တစ်တောင့်လျှင် (၁၀) ကျပ်နှုန်းဖြင့် ရန်ကုန်မြို့ရှိ ကုန်စိမ်းပွဲစားများက ဆင်း၍ဝယ်ယူ ကြောင်းသိရပါသည်။ ပဲစောင်းလျားသီးကို လူတစ်ဦးစိုက်လျှင် ပျမ်းမျှအကျိုးအမြတ်အနေဖြင့် (၁) သိန်းကျပ်မှ (၂) သိန်းကျပ်ခန့်ရရှိကြောင်း သိရပါသည်။
ပဲစောင်းလျားသီးကိုလည်း လူအများစားသုံးကြသဖြင့် ဟင်းသီးဟင်းရွက်အုပ်စုတွင် အပါအဝင်ဖြစ်ပြီး မိသားစုတစ်နိုင်တစ်ပိုင်ဝင်ငွေများလည်းရရှိနိုင်သဖြင့် ပိုမိုတိုးချဲ့၍ စိုက်ပျိုးသင့်ပါကြောင်း အကြံပြုရေးသားလိုက်ရပါသည်။
DOCA(ပဲခူး)