![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၁၉၆_2.jpg?itok=n215wHmt)
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကြို့ကုန်းအုပ်စု၊ ကြို့ကုန်းကျေးရွာတွင် ကြက်ဟင်းခါးသီးများစိုက်ပျိုးထွက်ရှိသဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၂၄-၇-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၄:၃၀) နာရီအချိန်တွင် ကွင်းဆင်းလေ့လာ၍ စိုက်ပျိုးမှုနှင့်အကျိုးအမြတ်များကိုမေးမြန်းဆွေးနွေးခဲ့ပါသည်။
ရွှေတောင်မြို့နယ်၊ ကြို့ကုန်းကျေးရွာရှိ ကြက်ဟင်းခါးသီးစိုက်ပျိုးသော တောင်သူ ဦးမျိုးနှင့်တွေ့ဆုံပြီး ကြက်ဟင်းခါးသီးကို ကဆုန်လတွင်စိုက်ပျိုးကြောင်းသိရှိရပြီး ဝါဆိုလတွင် အသီးများစတင်ခူးဆွတ်၍ရောင်းချကြောင်း သိရပါသည်။ ကြက်ဟင်းခါးသီးစိုက်ပျိုးရာတွင် ပေါင်ပြုလုပ်၍ စိုက်ပျိုးရပြီး ပေါင်ပြုလုပ်ရာတွင် အရှည်အတောင့် (၅၀) ခန့်ရှိပြီး တစ်မြောင်းနှင့်တစ်မြောင်းအကွာအဝေးမှာ တစ်တောင်ခန့်ခွာပြီး စိုက်ပျိုးရကြောင်းသိရပါသည်။ ကြက်ဟင်းခါးစင်အပါအဝင် ကုန်ကျစရိတ်မှာ (၂) သိန်းကျပ်ခန့်ရှိသည်ဟုသိရပါသည်။ မြောင်းတစ်မြောင်းလျှင် အပင် (၁၀၀) ခန့်စိုက်ပျိုး၍ရကြောင်းသိရပါသည်။ ကြက်ဟင်းခါးသီးများထွက်ပေါ်ချိန်တွင် ကုန်စိမ်းဒိုင်များမှ စိုက်ခင်းထဲအထိ ဆင်း၍ဝယ်ယူကြပြီး ကြက်ဟင်းခါးသီးအကြီးတစ်လုံးလျှင် (၁၅၀) ကျပ်ဖြင့်ရောင်းချကြောင်း သိရပါသည်။
ကြက်ဟင်းခါးသီးစိုက်ပျိုးသော တောင်သူများအနေဖြင့် ကုန်ကျစရိတ်သက်သာပြီး အသီးသီးသလောက် အကျိုးအမြတ်ဖြစ်ထွန်းကြောင်း သိရပါသည်။ ထို့ကြောင့် ကြက်ဟင်းခါးပင်ကိုတိုးချဲ့၍စိုက်ပျိုးပါက အကျိုးအမြတ်ပိုမိုဖြစ်ထွန်းနိုင်ကြောင်း လေ့လာသိရှိရပါသည်။
DOCA(ပဲခူး)