တောင်ငူမြို့ရှိ ပြောင်းဖူး၊ ရွှေဖရုံသီးဈေးနှုန်းများ

Powered by Drupal

   တောင်ငူမြို့သို့ တောင်ငူမြို့နှင့် အနီးတဝိုက်ရှိ ရွာများမှ ဒေသထွက်အသီးအနှံများ လက်လီ/လက်ကားလာရောက်ရောင်းချလျက်ရှိသော ညောင်ပင်လေးဈေး၌ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (စတုတ္ထအပတ်) တွင် ပြောင်းဖူး (အသေး) တစ်ဖူးလျှင် ၁၀၀ကျပ်မှ ၁၅၀ကျပ်အထိရှိခဲ့ရာမှ ယခုအပတ်တွင် ပြောင်းဖူး (အသေး) တစ်ဖူးလျှင် ၂၀၀ကျပ်မှ ၂၅၀ ကျပ်အထိဈေးတက်လာခဲ့ပါသည်။

    ပြောင်းဖူး (အကြီး) မှာလည်း ယခင်အပတ်တွင် တစ်ဖူးလျှင် ၂၀၀ကျပ်မှ ၂၅၀ကျပ်သာရှိခဲ့ရာမှ ယခုအပတ်တွင် ၃၀၀ကျပ်မှ ၃၅၀ ကျပ်အထိဖြစ်၍ ဈေးနှုန်းအနည်းငယ်မြင့်တတ်လျက်ရှိပါသည်။ ပြောင်းဖူးအခွံမပါ ၄ ဖူးပါ အထုပ်တစ်ထုပ်လျှင် ယခင်အပတ်တွင် ၅၀၀ကျပ်ရှိပြီးခဲ့ ယခုအပတ်တွင် ၆၀၀ကျပ်မှ ၆၅၀ကျပ်အထိဖြစ်၍ ဈေးနှုန်းမြင့်တက်လာခဲ့ရှိပါသည်။

    လက်ရိုက်သီးဟုခေါ်သော ရွှေဖရုံသီးအလုံးအရွယ်အစားတစ်လုံးလျှင် ၅၀၀ကျပ်ရောင်းပြီး အများယူပါက ဈေးအနည်းငယ်လျော့ပေးပါသည်။ အလုံးအကြီးတစ်ပိဿာလျှင် ၁၅၀၀ကျပ်ရှိပြီး ဈေးထုပ် ၅ထုပ်ပါ အတွဲတစ်တွဲလျှင် ၁၃၀၀ကျပ်ပေးရပါသည်။ ရွှေဖရုံညွန့် ၅ညွန့်ပါ အစည်းတစ်စည်းလျှင် ၃၀၀ကျပ်၊ ၂စည်းယူပါက ၅၀၀ကျပ်ပေးရပြီး အများယူပါက ၁၀စည်းကို ၂၀၀၀ ကျပ်အထိဈေးများဖြင့် ရောင်းချပြီး အရောင်းအဝယ်သွက်လျက်ရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)