တောင်ငူမြို့၊ ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက်ဈေးတွင် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (စတုတ္ထအပတ်) ၌ ငရုတ်သီးစိမ်း (မိုးထောင်သီး) မှာ တစ်ပိဿာလျှင် ၇၀၀၀ကျပ်မှ ၈၀၀၀ကျပ်၊ ငရုပ်သီးစိမ်း (ကျောက်စိမ်းသီး) မှာ တစ်ပိဿာလျှင် ၃၀၀၀ကျပ်မှ ၄၀၀၀ကျပ်၊ ကုလားအော်သီးမှာ တစ်ပိဿာလျှင် ၁၈၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်၊ ခရမ်းသီး (အဖြူ)မှာ တစ်ပိဿာလျှင် ၁၃၀၀ကျပ်မှ ၁၅၀၀ကျပ်၊ ခရမ်းသီး (အညို) မှာ တစ်ပိဿာလျှင် ၁၆၀၀ကျပ်မှ ၁၈၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။ ဂေါ်ဘီမှာ တစ်ပိဿာလျှင် ၆၀၀ကျပ်မှ ၈၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။
ဒေသသခွားသီးမှာ ယခင်လကုန်ပိုင်းတွင် တစ်ပိဿာလျှင် ၅၀၀ကျပ်မှ ၆၀၀ကျပ်အထိရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၇၀၀ကျပ်မှ ၈၀၀ကျပ်အထိ၊ ရှမ်းပြည်သခွားသီးမှာ ယခင်လကုန်ပိုင်းတွင် တစ်ပိဿာလျှင် ၇၀၀ကျပ်မှ ၈၀၀ကျပ်အထိရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၈၀၀ကျပ်မှ ၉၀၀ကျပ်၊ ဂေါ်ဘီမှာ ယခင်လကုန်ပိုင်းတွင် တစ်ပိဿာလျှင် ၆၀၀ကျပ်မှ ၈၀၀ကျပ်အထိရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၂၀၀ကျပ်မှ ၁၅၀၀ကျပ်ဖြင့် ဈေးနှုန်းမြင့်တက်လာခဲ့ပါသည်။
ခရမ်းချဉ်သီးမှာ ယခင်လကုန်ပိုင်းတွင် တစ်ပိဿာလျှင် ၁၃၀၀ကျပ်မှ ၁၅၀၀ကျပ်အထိရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၇၀၀ကျပ်မှ ၂၀၀၀ကျပ်၊ နံနံပင်မှာ ယခင်လကုန်ပိုင်းတွင် တစ်ဆယ်ကျပ်သားလျှင် ၄၀၀ကျပ်မှ ၅၀၀ကျပ်အထိရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ဆယ်ကျပ်သားလျှင် ၅၀၀ကျပ်မှ ၆၀၀ကျပ်၊ မုံလာဥဖြူမှာ ယခင်လကုန်ပိုင်းတွင် တစ်ပိဿာလျှင် ၁၆၀၀ကျပ်မှ ၁၈၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၈၀၀ကျပ်မှ ၂၀၀၀ကျပ်၊ မုံလာဥနီမှာ ယခင်လကုန်ပိုင်းတွင် တစ်ပိဿာလျှင် ၁၅၀၀ကျပ်မှ ၁၇၀၀ကျပ်အထိရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၂၀၀၀ကျပ်မှ ၂၂၀၀ကျပ်အထိဖြစ်၍ ဈေးနှုန်းမြင့်တက်လာခဲ့ပြီး မုန်ညင်းဖြူမှာ တစ်ပိဿာလျှင် ၁၈၀၀ကျပ်မှ ၂၀၀၀ကျပ်အထိဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။
ကန်စွန်းရွက်မှာ တစ်စည်းလျှင် ၂၀၀ကျပ်၊ ၁၀စည်းယူလျှင် ၁၇၀၀ကျပ်၊ ချဉ်ပေါင်ရွက်မှာ တစ်စည်းလျှင် ၁၀၀ကျပ်၊ ၁၀စည်းယူလျှင် ၇၀၀ကျပ်၊ ကင်ပွန်းချဉ်ရွက်မှာ တစ်စည်းလျှင် ၂၀၀ကျပ်နှင့် ၁၀စည်းယူလျှင် ၁၇၀၀ကျပ်တို့ရှိကြောင်း သိရပါသည်။
DOCA(ပဲခူး)