မင်းလှမြို့နယ်တွင် ဘူးသီးများလှိုင်လှိုင်ထွက်ရှိ

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊  မင်းလှမြို့နယ်ရှိ ကျေးရွာအများစုတွင် စီးပွားဖြစ်စိုက်ပျိုးကြသော ဘူးသီးများလှိုင်လှိုင်ထွက်ရှိနေပါသည်။ ဘူးပင်များကို မတ်လကုန်ခါနီးအချိန်နှင့် ဧပြီလ၏အစပိုင်းလောက်တွင် စတင်စိုက်ပျိုးပါသည်။ စတင်စိုက်ပျိုးရာတွင် ၆ပေပတ်လည်ကျင်းတူး၍ တစ်ကျင်းလျှင် ၃ပင်စီသော်လည်းကောင်း၊ ဘောင်ဆွဲ၍ အတန်းလိုက်သော်လည်းကောင်း စိုက်ပျိုးကြပါသည်။ ဘူးသီးတစ်ကျင်းစိုက်ပျိုးရာတွင် ကုန်ကျစရိတ်အဖြစ် မျိုးစေ့၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ အလုပ်သမားငှားရမ်းခ၊ စင်ပြုလုပ်စရိတ်အပါအဝင် စုစုပေါင်း (၂၃၀၀၀၀) ကျပ်ကုန်ကျကြောင်းသိရှိရပါသည်။ စတင်စိုက်ပျိုးချိန်မှ ၇၅ရက်အကြာတွင် စတင်ခူးဆွတ်ရပါသည်။ အသီးများကို ၁ရက်ခြားသော်လည်းကောင်း၊ ၂ရက်ခြားသော်လည်းကောင်းခူးဆွတ်ရပြီး  ယခုလက်ရှိစျေးသည် အသေးတစ်လုံးလျှင် (၄၀၀) ကျပ်၊ အကြီးတစ်လုံးလျှင် (၆၀၀) ကျပ်နှုန်းဖြင့် ကုန်စိမ်းဒိုင်များက လာရောက်ဝယ်ယူကြပါသည်။ သီးနှံဈေးနှုန်းမှာ နည်းသော်လည်း အထွက်နှုန်းကောင်းသောကြောင့် ထွက်ခြေကိုက်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)