“ဇူလိုင်လအတွင်း သိမ်ဖြူဈေးတွင် ဖြစ်ပေါ်ခဲ့သော ကြက်သွန်ဖြူ/နီ လက်ကားဈေးနှုန်းများ”

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ် သိမ်ဖြူဈေးကြီးအတွင်း ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ရှမ်းပြည်နယ်တို့မှ ကြက်သွန်ဖြူ၊ ကြက်သွန်နီများအား ကား၊ ရထားတို့ဖြင့် နေ့စဉ်ဝင်ရောက်လျက်ရှိပြီး လက်လီလက်ကား ပြန်လည်ရောင်းချလျက်ရှိရာ ဇူလိုင်လပထမပတ်တွင် ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် (၃၂၈၅၀)ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) (၉၀၅၀) ပိဿာ ဝင်ရောက်ခဲ့ရာ ကြက်သွန်နီ(ဆိပ်ဖြူ)လက်ကားဈေးမှာ ၁ပိဿာလျှင် ၁၈၀၀ ကျပ်မှ ၂၃၀၀ ကျပ် ထိ ဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်) လက်ကားဈေးမှာ ၁ပိဿာလျှင် ၆၅၀၀ ကျပ်မှ ၇၃၀၀ ကျပ်ထိရှိခဲ့ပါသည်။ ဇူလိုင်လဒုတိယပတ်အတွင်း ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် (၃၄၂၀၀) ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) (၉၉၀၀)ပိဿာ ဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ) လက်ကားဈေး မှာ ၁ပိဿာလျှင် ၁၈၀၀ ကျပ်မှ ၂၂၀၀ ကျပ် ထိ ဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်) လက်ကားဈေးမှာ ၁ပိဿာလျှင် ၆၄၀၀ ကျပ်မှ ၈၀၀၀ ကျပ်ထိ ဖြစ်ခဲ့ပါသည်။ ဇူလိုင်လ တတိယပတ်အတွင်း ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် (၂၇၈၅၀)ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) (၇၄၀၀) ပိဿာဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ)လက်ကားဈေးမှာ ၁ပိဿာလျှင် ၁၈၀၀ ကျပ်မှ ၂၂၀၀ ကျပ် ထိဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်) လက်ကားဈေးမှာ ၁ပိဿာလျှင် ၆၅၀၀ ကျပ်မှ ၈၅၀၀ ကျပ်ထိရှိခဲ့ပါသည်။ ဇူလိုင်လစတုတ္ထပတ်အတွင်း ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် (၂၇၅၀၀)ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) (၇၂၀၀) ပိဿာ ဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ (ဆိပ်ဖြူ)လက်ကားဈေး မှာ ၁ပိဿာလျှင် ၁၈၀၀ ကျပ်မှ ၂၃၀၀ ကျပ်ထိ ဖြစ်၍ ကြက်သွန်ဖြူ (ကြူကုတ်) လက်ကားဈေး မှာ ၁ပိဿာလျှင် ၇၅၀၀ ကျပ်မှ ၈၅၀၀ ကျပ်ထိဖြစ်ပေါ်ခဲ့ပြီး ကြက်သွန်နီဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိ၍ ကြက်သွန်ဖြူဈေးနှုန်းမှာ အနည်းငယ်မြင့်တက်နေကြောင်း ဈေးတာဝန်ခံရုံးမှ သတင်းရရှိပါသည်။

DOCA(ရန်ကုန်)