ဇူလိုင်လမတ်ပဲဈေးနှုန်းအခြေအနေ

Powered by Drupal

   ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်ရှိ ပဲမျိုးစုံရောင်းဝယ်ရေး ပွဲရုံများတွင် ဇူလိုင်လအတွင်း ဇွန်လဈေးဖြင့် နှိုင်းယှဉ်ပါက အနိမ့်ဈေးဖြင့် ရောင်းဝယ်နေသည်ကို တွေ့ရှိရပါသည်။ ဇူလိုင်လစတုတ္တပါတ်အတွင်း မတ်ပဲပိဿာ(၂၀)တစ်တင်းလျှင် (၇၄၀၀၀) ကျပ်ဈေးဖြင့် ရောင်းဝယ်နေကြောင်း တွေ့ရှိရပါသည်။

      ယခင်ဇွန်လ တတိယပါတ်ပေါက်ဈေးမှာ ပိဿာ(၂၀)တစ်တင်းလျှင် (၇၉၀၀၀)ကျပ် ဖြစ်ခဲ့ပြီး၊ စတုတ္တပါတ်တွင် (၇၄၀၀၀) ကျပ်သာ ရှိပါတော့သည်။ ဇူလိုင်လ ပထမပါတ်တွင် (၇၄၅၀၀) ကျပ်၊ စတုတ္တပါတ်ဈေးနှုန်းမှာ (၇၂၀၀၀) ကျပ် ဖြစ်ခဲ့၍ ဈေးမငြိမ်ဘဲဈေးနှုန်းအတတ်အကျဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ ဇူလိုင်လစတုတ္တပါတ်မှာတော့ (၇၄၀၀၀)ကျပ်ဈေးပေါက်နေကြောင်း သိရှိရပါသည်။

      ယခင်ဇွန်လ တတိယပါတ်ဈေးနှင့် ဇူလိုင်လ စတုတ္တပါတ်ပေါက်ဈေးနှုန်းနှိုင်းယှဉ်ပါက (၅၀၀၀) ကျပ်ထိ ဈေးကျသွားကြောင်း သိရှိရပြီး အရောင်းအဝယ်အနေဖြင့် ရန်ကုန်ဝယ်လက်သို့ တစ်ရက် အိတ်(၂၀၀-၂၅၀)ခန့် တင်ပို့ နေရကြောင်းလည်း သိရှိရပါသည်။

DOCA(ပဲခူး)