ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြောင်းလဲသွားသော ပြည်ပပို့ကုန် ဆံပင်ဈေးကွက်

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၏ ပြည်ပပို့ကုန်များတွင်ပါဝင်လျက်ရှိသော ဆံပင်ဈေးကွက်မှာ ယခင်မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ရောင်းချလျက်ရှိသော်လည်း ကိုဗစ်ကာလတွင် ဆံပင်အရောင်းအဝယ်အေးသွား၍ ကိုဗစ်ကာလအလွန်၌ ရန်ကုန်မြို့တွင် တရုတ်၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံသားများက လာရောက်ဝယ်ယူလျက်ရှိပြီး အင်တာနက်ဖြင့် ပစ္စည်းနမူနာပြသ၍ ရောင်းဝယ် လျက်ရှိသည့်အတွက် ဆံပင်ဈေးကွက်ပြောင်းလဲသွားကြောင်း လုပ်ငန်းရှင်ထံမှသိရသည်၊၊

    မြို့ပေါ်ဆံပင်အဝယ်ဒိုင်သို့ မြို့တွင်းနှင့်ကျေးရွာများ၊ အနီးဝန်းကျင်ရှိ မြို့နယ်များမှ လာရောက်ရောင်းချမှုရှိပြီး ဆံပင်ဝယ်ယူရာတွင် အတို/အရှည်၊ ဖြတ်စနှင့်ဆံပင်ကျွတ်စ (အပွအရိုင်း) တစ်ပိဿာလျှင် ကျပ်၅၀၀၀ဝိ/-ဈေးနှင့် (၈) လက်မမှ လက်မ (၄၀) ခန့်အထိဝယ်ယူလျက်ရှိပြီး ဆံပင်ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ်၃/၄သိန်းမှ ကျပ်၇/၉သိန်းနှင့် ကျပ်သိန်း၂၀ခန့်အထိဈေးနှုန်းရှိပြီး ကာလာဆေးဆိုးထားသောဆံပင်၊ သဘာဝအဖြူရောင်ဆံပင်နှင့် ဆေးဆိုးထားသောအမဲရောင်ဆံပင်မှာ ဈေးကောင်းမရဘဲ ဆံပင်အရင်းအဖျားဖြောင့်စင်းနေသောဆံပင်မှာ ဈေးကောင်းရပြီး ဆံပင်အရှည်ဆိုဒ်နှင့် ဆံပင်အရည်အသွေးပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှုရှိကြောင်း၊ ပုသိမ်မြို့ပေါ်တွင် ယခင်၌ ဆံပင်အဝယ်ဒိုင် ၂/၃ဒိုင်သာရှိသော်လည်း ယခုအခါတွင် အဝယ်ဒိုင်အသစ်များထပ်မံဖွင့်လှစ်၍ ၆/၇ဒိုင်အထိရှိကြောင်း တစ်နေ့လျှင် ငွေကျပ် ၁သိန်းမှ ၅သိန်းနှင့် တစ်ခါတရံတွင် ကျပ်၁၄/၁၅သိန်းအထိ ဆံပင်ဝယ်ယူရရှိကြောင်း ပုသိမ်မြို့၊ မင်းကြီးလမ်းရှိ  “စိတ်တိုင်းကျ” ဆံပင်ရောင်းဝယ်ရေးလုပ်ငန်းရှင် ဦးရဲသီဟထံမှသိရသည်၊၊

   မြန်မာနိုင်ငံမှဝယ်ယူရရှိသောဆံပင်များကို ဥရောပတိုက်အတွင်းရှိ နာမည်ကြီးပြင်သစ် ကိန်းရုပ်ရှင်ပွဲတော်၊ နာတာလူးပွဲတော်၊ ဖက်ရှင်ပွဲတော်၊ ခရစ်စမတ်ပွဲတော်များနှင့် အခြားထင်ရှားသော ပွဲတော်များအတွက် ဆံပင်အတုပြုလုပ်လျက်ရှိပြီး အသားအုပ်ပလာစတာပေါ်တွင် ဆံပင်အတုပြုလုပ်၍ ထိပ်ပြောင်သူများအတွက်အသုံးပြုခြင်း၊ မုတ်ဆိတ်မွေး၊ ပါးသိုင်းမွေးများအသုံးပြုခြင်း၊ တရုတ် ရုပ်ရှင်ကားများတွင် ဆံပင်တု၊ ဆံထုံးအတွက် အသုံးပြုခြင်း၊ ဂီတရုပ်ရှင်နယ်ပယ်နှင့် ပျော်ပွဲရွှင်ပွဲများတွင် အလှကုန်ပစ္စည်းအဖြစ် ဆံပင်တုကို အမျိုးမျိုးတွင်ကျယ်စွာအသုံးပြုလျက်ရှိကြောင်း၊ မြန်မာနိုင်ငံရှိ မိတ်ကပ်ပညာရှင်များမှာ ပြည်ပမှဆံပင်အတုများကိုလည်းဝယ်ယူအသုံးပြုကြကြောင်း သိရပါသည်၊၊

DOCA(ဧရာဝတီ)