ပွင့်ဖြူမြို့၊ မြို့မဈေး၌ ဇူလိုင်လ (စတုတ္တပတ်) အတွင်းရောင်းချလျက်ရှိသော ကုန်ဈေးနှုန်းအခြေအနေ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ မြို့မဈေးအတွင်း၌ ဒေသထွက်ကုန်ပစ္စည်းများနှင့် စားဖိုဆောင်သီးနှံများဝင်ရောက်ရာ ရှမ်းပြည်၊ တောင်ကြီး၊ အောင်ပန်း၊ စလင်း၊ ဆင်ဖြူကျွန်း၊ မကွေး၊ ရေနံချောင်း၊ မန္တလေး၊ မင်းဘူး၊ နေပြည်တော်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမံများ အများဆုံးဝင်ရောက်ရောင်းချလျက်ရှိကြောင်းသိရသည်။

   ထိုသို့ဝင်ရောက်ရာတွင် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (စတုတ္တပတ်) အတွင်း၌ရောင်းချနေသော ကုန်ဈေးနှုန်းများမှာ ကြက်ဥတစ်လုံးလျှင် ကျပ် (၂၂၀)၊ဘဲဥတစ်လုံးလျှင် ကျပ် (၃၀၀)၊ ကြက်သွန်နီ (၁) ပိဿာလျှင် ကျပ် (၂၄၀၀)၊ ကြက်သွန်ဖြူ (ကြူကုတ်) (၁) ပိဿာလျှင် ကျပ် (၉၀၀၀)၊ ကြက်သွန်ဖြူ (ဗမာ) (၁) ပိဿာလျှင် ကျပ် (၈၀၀၀)၊ ချင်း (၁) ပိဿာလျှင် ကျပ် (၁၀၀၀၀)၊ ခရမ်းချဉ်သီး (၁) ပိဿာလျှင် ကျပ် (၂၄၀၀)၊ ပဲသီး (၁) ပိဿာလျှင် ကျပ် (၁၆၀၀)၊ ဘူးသီး (၁) လုံးလျှင် ကျပ် (၁၂၀၀)၊ အာလူး (၁) ပိဿာလျှင် ကျပ် (၃၅၀၀)၊ ဖရုံသီး (၁) လုံးလျှင် ကျပ် (၅၀၀)၊ ငရုတ်သီးစိမ်း (၁) ပိဿာလျှင် ကျပ် (၁၀၀၀၀)၊ ချဉ်ပေါင်ရွက် (၁) စည်းလျှင် ကျပ် (၁၀၀)၊ ကန်စွန်းရွက် (၁) စည်းလျှင် ကျပ် (၁၀၀)၊ မုန့်ညှင်းထုပ် (၁) ပိဿာလျှင် ကျပ် (၄၀၀၀)၊ ဂေါ်ဖီထုပ် (၁) ထုပ်လျှင် ကျပ် (၁၅၀၀)၊  ပန်းမုန်လာ (၁) ပွင့်လျှင် ကျပ် (၁၀၀၀)၊ ခရမ်းသီး (၁) ပိဿာလျှင် ကျပ်(၂၄၀၀)၊ ခဝဲသီး (၁) တောင့်လျှင် ကျပ် (၅၀၀)၊ ပဲရှည်သီး (၁) တောင့်လျှင် ကျပ် (၇၀၀)၊ သခွားသီး (၁) လုံးလျှင် ကျပ် (၄၀၀)၊ မုန်လာဥနီ (၁) ပိဿာလျှင် ကျပ် (၄၈၀၀)၊ အမဲသား (၁) ပိဿာလျှင် ကျပ် (၁၃၀၀၀)၊ ကြက်သား (ဗမာ) (၁) ပိဿာလျှင် ကျပ် (၁၅၀၀၀)၊ ကြက်သား (စီပီ) (၁) ပိဿာလျှင် ကျပ် (၁၀၀၀၀)၊ ဝက်သား (၁) ပိဿာလျှင် ကျပ် (၁၃၀၀၀)၊ ဆိတ်သား (၁) ပိဿာလျှင် ကျပ် (၁၈၀၀၀) တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)