အမှတ် (၇) ရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း (အ-မ-က) ရွှေကင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးမျိုးဝင်းနိုင်(ဦးစီးအရာရှိ)နှင့်ဝန်ထမ်းများသည် (၂၈-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် အမှတ် (၇) ရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း (အ-မ-က) ရွှေကင်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများကို စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပေးခဲ့ကြောင်းသိရှိရပါသည်။

   အဆိုပါဟောပြောပွဲတွင် သက်ဆိုင်ရာမိတ်ဖက်ဌာနများက သက်ဆိုင်သည့်ဌာနအလိုက် အကြောင်းအရာများကိုဟောပြောခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာနမှ ဦးမျိုးဝင်းနိုင် (ဦးစီးအရာရှိ) က စားသုံးသူရေးရာဦးစီးဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း၊ စားသုံးသူ၏အခွင့်အရေးအကြောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော အစားအသောက်နှင့်ကုန်စည်များကို စနစ်တကျရွေးချယ်ဝယ်ယူစားသောက်သုံးစွဲတတ်စေရန်အတွက် ကုန်အညွှန်အမှတ်အသားအကြောင်းအား လွယ်ကူစွာသိရှိနိုင်စေရန် ဥပမာ- မုန့်မျိုးစုံဖြင့် လက်တွေ့ရှင်းလင်းပြောကြားခဲ့ကာ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူများ၊ စုစုပေါင်း (၉၆) ဦးတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)