ယခုအခါ သစ်သီးဝလံဈေးကွက်မှာ နာနတ်သီး၊ ဒူးရင်းသီး၊ နဂါးမောက်သီး၊ ကြက်မောက်သီး၊ မင်းဂွတ်သီးများ ဈေးကွက်အတွင်း ရောင်းဝယ်မှုများလျက်ရှိကြရာတွင် ဒူးရင်းသီးရောင်းချမှုအနေဖြင့် ကားလေးများဖြင့် လမ်းဘေး၌ နေရာတစ်နေရာယူ၍ရောင်းချကြသလို နာနတ်သီးများကလည်း ပြည်မြို့သို့ ရန်ကုန်ဘက်မှ အဝင်လမ်း၊ မြို့ရှောင်လမ်း တစ်လျှောက်လမ်း ဘေးဝဲယာများတွင် နာနတ်သီးရောင်းချသည့်ဆိုင်များ အများအပြားရှိခဲ့ကြပါသည်။ နဂါးမောက်သီး၊ မင်းဂွတ်သီး ၊ ကြက်မောက်သီးများကတော့ Online မှရော ဈေးများအတွင်းမှာပါ ရောင်းချလျက်ရှိကြပါသည်။ ဒူးရင်းသီးဈေးများမှာ တစ်လုံးလျှင် (၅၀၀၀)ကျပ်မှ စ၍ အလုံးအရွယ်အစားပေါ်မူတည်ပြီး ဈေးအမျိုးမျိုးရှိကာ နာနတ်သီးဈေးမှာ တစ်လုံးလျှင် (၂၀၀၀-၂၅၀၀)ကျပ်မှ (၃၀၀၀-၄၀၀၀) ကျပ်အထိ ရောင်းချမှုရှိကြပါသည်။ ယခုဈေးကွက်မှာ ရောင်းချလျက်ရှိသော နာနတ်သီးများမှာ ရှမ်းပြည်ဖက်မှ ဝင်ရောက်လာသော အသီးများဖြစ်ပြီး ဒေသမှထွက်ရှိသောအသီး အနည်းငယ်သာရှိသည်ဟု သိရပါသည်။ နဂါးမောက်သီး၊ မင်းဂွတ်သီး၊ ကြက်မောက်သီးများကတော့ အသီးအရွယ်အစားလိုက်၍ နဂါးမောက်သီး တစ်လုံးလျှင် (၇၀၀)ကျပ်၊ (၈၀၀)ကျပ်နှင့်အထက်၊ မင်းဂွတ်သီးမှာ တစ်လုံးလျှင် (၁၀၀)ကျပ်မှ (၁၅၀)ကျပ်အထက်၊ ကြက်မောက်သီးမှာ တစ်လုံး (၁၅၀)ကျပ်မှ (၂၀၀)ကျပ် အထက်ရှိကြပြီး စားသုံးသူများကလည်း ရာသီစာ အဆိုပါ သစ်သီးဝလံများအားလည်း ဝယ်ယူစားသုံးမှုများကြတာကြောင့် သစ်သီးဝလံဈေးကွက်အတွင်း ရာသီစာသစ်သီးဝလံများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)