ပြည်ပဲဈေးကွက်အတွင်း ပဲအားလုံးလိုလို ယခုနှစ်မှာ ဈေးကောင်းရလျက်ရှိပြီး ပဲတစ်တင်း (၉၀၀၀၀) ကျပ်အထက် ရောင်းဝယ်မှုဖြစ်ခဲ့ကြသော်လည်း ဘိုကိတ်နှင့် ပဲလွန်းဖြူသီးနှံကတော့ အဆိုပါပဲများကဲ့သို့ ဈေးကောင်းမရဘဲ တစ်တင်းကျပ်(၅၀၀၀၀)ကျော် (၆၀၀၀၀)ကျပ်ခန့်သာ ရောင်းဝယ်မှုဖြစ်ကြကြောင်း သိရပါသည်။ ဒေသတွင်း ရောင်းဝယ်မှုအဖြစ်များပြီး ယခုအခါ ပဲလက်ကျန်များအား လက်လီသမားများဖြင့်သာ ရောင်းဝယ်ခဲ့ကြပါသည်။ အဆိုပါပဲများသည် ပဲထွက်ပေါ်ချိန် အထွက်လှိုင်ချိန်များတွင်သာ လက်လီ/လက်ကား ရောင်းအားတက်သော ပဲဖြစ်ကြ ပါသည်။ ပဲလွန်းဖြူနှင့် ဘိုကိတ်ပဲသီးနှံများ၏ ယခင်နှစ်က ကာလတူအချိန် တစ်တင်းလျှင် ကျပ်(၄၀၀၀၀) အောက်သာ ရောင်းဝယ်ခဲ့ကြရသည့်အတွက် ယခုနှစ်မှာတော့ အခြားပဲများနှင့်ယှဉ်လျှင် ဈေးအေးနေသောပဲများဖြစ်သည်ဟု ဆိုသော်လည်း ပဲလွန်းဖြူတစ်တင်း (၅၈၀၀၀)ကျပ်၊ ဘိုကိတ်ပဲတစ်တင်း (၆၀၀၀၀)ကျပ်ဖြင့် ရောင်းချရကာ ယခင်နှစ်က ရရှိခဲ့သော ဈေးနှုန်းထက် ဈေးပိုရနေခဲ့ကြောင်း သိရပါသည်။
DOCA(ပဲခူး)