ပြည်ဈေးကွက်သို့ မိုးပဲတီစိမ်းသစ်များ ဝင်ရောက်မှုများပြားလာ

Powered by Drupal

    ပြည်ပဲမျိုးစုံဈေးကွက်သို့ ပဲတီစိမ်းသစ်များ နေ့စဉ်ဝင်ရောက်မှုများလာခဲ့ကြောင်း သိရပါသည်။ ပဲအထွက်လှိုင်လာပြီဖြစ်သည့်အတွက် တစ်ရက်အိတ် (၄၀၀/၅၀၀)ကျော်ထိ နေ့စဉ်ဝင်ရောက်ခဲ့သလို ဝယ်လိုအားအနေဖြင့်လည်း အဝင်ရှိလာသလောက် ဝယ်ယူမှုများခဲ့ကြပါသည်။ ပြည်ဈေးကွက်သို့ ရွှေတောင်၊ ကျီးသဲ၊ ပေါက်ခါင်းနှင့် ပြည်ဒေသတဝိုက်မှ ဝင်ရောက်လာသလို မင်းတုန်း၊ ကံမမြို့နယ်များမှလည်း ကုန်းလမ်းရော၊ ရေလမ်းကပါ အဝင်ရှိလာခဲ့ကြပါသည်။ ဝယ်လိုအားကတော့ ရန်ကုန်ဝယ် လက်ထက် မန္တလေးဝယ်လက်အဝယ်ပိုမိုများပြားလာကြောင်း သိရပါသည်။ ပဲတီစိမ်းဈေးနှုန်းအနေဖြင့် ပိဿာ (၂၀)တစ်တင်းလျှင် (၆၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ကြသည့်အတွက် ပြည်ပဝယ်လက် ပဲဈေးကွက်မှာ မတ်ပဲ၊ ပဲစင်းငုံ သီးနှံဈေးများ ထက်ဈေး လျော့နည်းခဲ့ပါသည်။ ယခင်နှစ်က ဇူလိုင်လမှာ ပဲသစ်ဝင်ရောက်ခြင်းမရှိသေးဘဲ စက်တင်ဘာလဆန်းမှသာ ပဲသစ်များဝင်ရောက်သည့်အတွက် ယခုနှစ် ပဲသစ်အဝင်စောခဲ့ကြောင်း သိရပါသည်။ ယခင်နှစ်ကပဲသစ်အဝင်လှိုင်ချိန် ပဲတစ်တင်း (၄၅၀၀၀)ကျပ်ဖြင့် ရောင်းခဲ့ကြသည့်အတွက် ယခုနှစ်ဈေးကတော့ ယခင်နှစ်ထက်ဈေးပိုမြင့်နေခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)