တောင်ငူခရိုင် ဖြူးမြို့တွင် ဧည့်မထဆန်နှင့် စားအုန်းဆီ ဈေးအနည်းငယ်တက်

Powered by Drupal

      တောင်ငူခရိုင်၊ ဖြူးမြို့တွင် ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၁၁၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ဧည့်မထ(မိုး)ဆန်မှာ ယခင်အပတ်က တစ်အိတ်လျှင် ၇၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ်မြင့်တက်ပါသည်။

      မြေပဲဆီ တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ် ဈေးနှုန်းတည်ငြိမ်နေပြီး စားအုန်းဆီမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၇၀၀၀ မှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၇၈၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်ပါသည်။

      ကြက်သွန်နီမှာ အသေး ၂၂၀၀ ကျပ်၊ အလတ် ၂၅၀၀ ကျပ်၊ အကြီး ၂၇၀၀ ကျပ်၊ ကြက်သွန်ဖြူမှာ တစ်ပိဿာလျှင် အသေး ၇၀၀၀ ကျပ်၊ အလတ် ၈၀၀၀ ကျပ်ဖြင့် ဈေးနှုန်း တည်ငြိမ်နေပြီး ကြက်သွန်ဖြူ အကြီးမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၉၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၉၅၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ် မြင့်တက်ပါသည်။

     ငရုတ်ခြောက် အရှည်မှာ တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်၊ ကုလားပဲခြမ်းမှာ တစ်ပိဿာ လျှင် ၆၃၀၀ ကျပ်၊ ကုလားပဲလုံးမှာ တစ်ပိဿာလျှင် ၅၀၀၀ ကျပ်၊ မြေပဲဆံ(အနီ)မှာ တစ်ပိဿာလျှင် ၉၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး မြေပဲဆံ(အဖြူ)မှာ ယခင်အပတ်က တစ်ပိဿာလျှင် ၇၅၀၀ ကျပ်မှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၈၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ် မြင့်တက်ကြောင်း သိရပါသည်။

DOCA(ပဲခူး)