တောင်ငူမြို့မှ ပန်းဂန္ဓမာအကြောင်း တစေ့တစောင်း

Powered by Drupal

    တောင်ငူမြို့နယ်၊ ဒိုးသောင်ကျေးရွာအုပ်စု၊ ရှမ်းဝတီးကျေးရွာတွင် ဂန္ဓမာပန်းနှင့် မေမြို့ပန်း စုစုပေါင်းစိုက်ဧက ၈၈.၇၅ ဧကခန့်ရှိပါသည်။ ပန်းဝယ်လက်အပေါ်မူတည်၍ ပင်ကြား အကွာအဝေး (၈"× ၁၀")၊ ပန်းအခိုင်လိုက် သို့မဟုတ် ပန်းပဒေသာများကို (၁၈"× ၂၄") ကြားထား၍ စိုက်ပျိုးကြပြီး ယခင်က တစ်ဧကလျှင် ကျပ် ၂၅ သိန်း ဝန်းကျင်ခန့်ကုန်ကျပါသည်။ ယခုအခါတွင် သွင်းအားစု၊ ပိုးသတ်ဆေးနှင့် လုပ်သားခ မြင့်တက်ခြင်းတို့ကြောင့် ကုန်ကျစရိတ်မှာ ကျပ် ၃၅ သိန်း ခန့်ရှိပါသည်။

     ပန်းတစ်ဧကစိုက်လျှင် အထွက်နှုန်းအားဖြင့် ၁၀ ပင်စည်း အစည်းရေ ၅၀၀၀ ခန့် ထွက်ရှိ ပါသည်။ ရှမ်းဝတီးကျေးရွာထွက်ပန်းများကို တောင်ငူမြို့ ညောင်ပင်ဈေးရှိ ပန်းအဝယ်ဒိုင်များသို့ ပေးပို့ပါသည်။ ပန်းစည်း တစ်စည်းလျှင် ယခင်က ၈၀၀ ကျပ်၊ ယခုအခါ ၁၀၀၀ ကျပ်ဖြင့် ဒိုင်များသို့ ပေးသွင်းရပြီး ဒိုင်များမှတစ်ဆင့် အရောင်းဆိုင်များသို့ တစ်စည်းလျှင် ၁၂၀၀ ကျပ်ဖြင့် ပြန်လည် ဖြန့်ဖြူးပါသည်။

   ပန်းဆိုင်များမှ ပန်းပွင့်အနေအထားပေါ်မူတည်၍ ဂန္ဓမာပန်းတစ်စည်းလျှင် ၁၅၀၀ ကျပ် မှ ၂၀၀၀ ကျပ်အထိရောင်းချကြောင်းနှင့် ပန်းစိုက်တောင်သူများအနေဖြင့် တစ်ဧကလျှင် ကျပ် ၁၀ သိန်းမှ ၁၅ သိန်းအထိ အကျိုးအမြတ်ရရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)