တောင်ငူဒေသထွက် ဝါးနွယ်မျှစ်များ ညောင်ပင်ဈေးတွင်ရောင်းချ

Powered by Drupal

    တောင်ငူမြို့၊ ဘုရင့်နောင်ဈေးတွင် ညနေပိုင်းအချိန်၌ တောင်ငူမြို့ အနီးတဝိုက်ရှိ ကျေးလက်ဒေသများမှထွက်ရှိသော ဟင်းသီးဟင်းရွက်များအား လာရောက်ရောင်းချသူများဖြင့် စည်ကားလျက် ရှိပါသည်။ ညနေ ၄နာရီ အချိန်ခန့်မှစ၍ ခြံထွက်သီးနှံများ ဖြစ်သော ကန်စွန်းရွက်၊ ဟင်းနုနွယ်ရွက်၊ ဆလပ်ရွက်၊ ဆလပ်တွန့်၊ ပြောင်းဖူး၊ မာလကာသီး၊ မျှစ် စသည်ဖြင့် အမျိုးစုံလင် လှပါသည်။

     ထိုထဲမှ မိုးရာသီတွင်ပေါ်သော ဝါးနွယ်မျှစ်များလည်းစတင်ရောင်းချနေပြီ ဖြစ်သည်။ အသင့်ပြုတ်ထားသော ဝါးနွယ်မျှစ် အသေး၊ အလတ်၊ အကြီး (၃) ချောင်းပါ ဝါးနွယ်မျှစ် တစ်စည်းလျှင် (၄၀၀) ကျပ် နှင့် ၁၀၀၀ ဖိုးယူလျှင် (၃) စည်းဖြင့် ရောင်းချပေးလျက်ရှိပါသည်။

       ဝါးနွယ်မျှစ်အား ပြုတ်၍ ငါးပိရည်နှင့်အတို့အဖြစ်လည်းကောင်း၊ ချဉ်ရည်ဟင်းချက်ရာ တွင် ထည့်ချက်၍လည်းကောင်း၊ ချက်စား၍လည်းကောင်း၊ ကြော်စား၍လည်းကောင်း ကြိုက်နှစ်သက်စွာ စားသုံးနိုင်ပါသည်။

      တောင်ငူမြို့ ဘုရင့်နောင်ဈေးတွင်ရောင်းချနေသော ဝါးနွယ်မျှစ်အား တောင်ငူအရှေ့ဘက်ဒေသ သဖန်းဆိပ်ကျေးရွာမှ လာရောက်ရောင်းချခြင်းဖြစ်ကြောင်း လေ့လာသိရှိခဲ့ပါသည်။

DOCA(ပဲခူး)