ပြည်မြို့၏ပြောင်းဖူးဈေးကွက်

Powered by Drupal

   ပြည်မြို့နယ်အတွင်းရောင်းချနေသော ပြောင်းဖူးများကို ပုတီးကုန်း၊ သဲကုန်းမြို့များမှ ရထားဖြင့်သော်လည်းကောင်း၊ ကားများဖြင့်သော်လည်းကောင်း တင်ပို့ရောင်းချနေကြသကဲ့သို့ ပြည်မြို့ နယ်အတွင်း မှော်ဇာကျေးရွာများ၌လည်း အများဆုံးစိုက်ပျိုးကာ ရောင်းချနေကြကြောင်းသိရပါသည်။ ရန်ကုန်ဈေးကွက်သို့လည်းတင်ပို့ရောင်းချကြောင်းသိရပါသည်။ ပုတီးကုန်း၊ ဆင်မြီးဆွဲဒေသမှထွက်ရှိသော ပြောင်းဖူးများကို ဒေသအခေါ် နတ်ပြည်မွှေးနှင့် ကာလာဖိုက်ဟုတင်စားခေါ်ဆိုကြပါသည်။ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ စတုတ္ထအပတ်၌ ပြည်မြို့အတွင်း ပြောင်းဖူးစိမ်းတစ်ဖူးလျှင် (၃၀၀) ကျပ်ဖြင့်ရောင်းချကြောင်း သိရပါသည်။ ရန်ကုန် - ပြည်ရထားလမ်းပေါ်တွင်လည်း ပြောင်ဖူးပြုတ် (၃) ဖူးလျှင် (၁၀၀၀) ကျပ်ဖြင့်ရောင်းချကြပါသည်။  သကြားပြောင်း (ခေါ်) ပြောင်းအဝါတစ်ဖူးလျှင် (၅၀၀) ကျပ်ဖြင့်ရောင်းချနေကြောင်း သိရပါသည်။

DOCA(ပဲခူး)