အောင်လံကုန်စည်ဒိုင်၏သီးနှံရောင်းဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

    အောင်လံကုန်စည်ဒိုင်တွင်နှမ်းဈေးကွက်အနေဖြင့် (၄၅)ပိဿာ(၁)အိတ်လျှင် ယခင်အပတ် (၂၇-၇-၂၀၂၃)ရက်နေ့တွင် နှမ်းနက်(စမုံ)မှာ ကျပ်(၂၆၀၀၀၀မှ ၂၈၀၀၀၀)ဖြစ်ပြီး ယခုအပတ် (၂-၈-၂၀၂၃)ရက်နေ့တွင်လည်း ကျပ်(၂၆၀၀၀၀မှ ၂၈၀၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိပဲ (၅၅၀)အိတ် အရောင်းအဝယ်ရှိခဲ့ပါကြောင်း အောင်လံကုန်စည်ဒိုင်မှသိရှိရပါသည်။

    ပဲမျိုးစုံဈေးကွက်တွင် ကုလားပဲ(H-L)မှာ(၂၀)ပိဿာ(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၉၀၀၀၀) ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၉၀၀၀၀)၊ ကုလားပဲ(မြကြေး) ယခင်အပတ်တွင် ကျပ်(၉၀၀၀၀) ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၉၀၀၀၀)၊ ပဲကြီးမှာ ယခင်အပတ်တွင် ကျပ်(၉၅၀၀၀-၉၈၀၀၀) ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၉၅၀၀၀-၉၈၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲခြင်းမရှိပဲ ပဲတီစိမ်းမှာ ယခင်အပတ်တွင် ကျပ်(၆၀၀၀၀မှ ၆၀၅၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၆၁၀၀၀)ဖြစ်၍ ကျပ် (၅၀၀)ဈေးမြင့်ခဲ့ကြောင်း၊ ပဲစဉ်းငုံ(နီ) ယခင်အပတ်တွင် ကျပ်(၉၆၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ် (၁၀၀၀၀၀)ဖြစ်၍ ကျပ်(၄၀၀၀)ဈေးမြင့်ခဲ့ကြောင်း၊ မတ်ပဲ ယခင်အပတ်တွင် ကျပ်(၇၃၀၀၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၇၄၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀)စသည်ဖြင့် အသီးသီးဈေးမြင့်ခဲ့ပါသည်။ အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀)ပိဿာဝင်အိတ်များဖြင့် ပဲစဉ်းငုံ(နီ) (၄၅၀)အိတ်၊ မတ်ပဲ (၂၇၀)အိတ်၊ ကုလားပဲ(H-L) (၆၀၀) အိတ်၊ ကုလားပဲ(မြကြေး) (၅၀၀)အိတ်၊ ပဲကြီး(၇၇၀)အိတ်၊ ပဲတီစိမ်း (၂၈၀၀) အိတ်တို့ အရောင်းအဝယ်ရှိခဲ့ပါသည်။

    မြေပဲလုံးဆံ(ဖြူ)မှာ (၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၆၉၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၇၀၀၀)ဖြစ်၍ ကျပ်(၁၀၀)ဈေးမြင့်ခဲ့ပြီး (၃၀)ပိဿာဝင်အိတ်များဖြင့် (၂၃၀)အိတ် အရောင်း အဝယ်ရှိခဲ့ပါကြောင်း၊ ပဲတီစိမ်းသီးနှံမှာ အသစ်ထွက်ရှိလျက်ရှိကြောင်းနှင့် အခြားပဲသီးနှံများမှာ သိုလှောင်လက်ကျန်ဖြစ်ပြီး နှမ်း၊ ပဲမျိုးစုံသီးနှံများအား ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့တင်ပို့ ရောင်းချရပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)