စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့် ရေဦးခရိုင်များမှ တောင်သူများ စပါးလက်ကျန်နည်းပါးလာပြီး အဝယ်များနေခြင်းကြောင့် ခရိုင်အားလုံး ဈေး အနည်းငယ် တက်နေပါကြောင်း သိရှိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဩဂုတ်လ(ပထမ)ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်း များမှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း(စပါး) တင်း ၁၀၀လျှင် ကျပ် ၃,၂၅၀,၀၀၀၊ ပေါ်ဆန်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၂၀,၀၀၀ကျပ်၊ ဧရာမင်း(စပါး)တင်း ၁၀၀လျှင် ကျပ်၂,၇၀၀,၀၀၀၊ ဧရာမင်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၂၀,၀၀၀ကျပ်၊ နွေစပါး(ရွှေဝါထွန်း) စပါးတင်း(၁၀၀)လျှင် ကျပ် ၁,၆၀၀,၀၀၀၊ နွေစပါး(ရွှေဝါထွန်း)(ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၇၀,၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။
ရေဦးခရိုင်၊ ရေဦးမြို့နယ်မှ ပေါ်ဆန်း (စပါး)တင်း ၁၀၀လျှင် ကျပ် ၃,၂၅၀,၀၀၀၊ ပေါ်ဆန်း (ဆန်) တစ်အိတ်လျှင် ကျပ် ၁၂၀,၀၀၀၊ ဧရာမင်း(စပါး) တင်း ၁၀၀ လျှင် ၂,၇၀၀,၀၀၀၊ ဧရာမင်း (ဆန်)၂၄ ပြည် ပါ တစ်အိတ် ၁၂၀,၀၀၀ ကျပ်၊ နွေစပါး(ရွှေဝါထွန်း) စပါးတင်း(၁၀၀)လျှင် ကျပ် ၁,၆၀၀,၀၀၀၊ နွေစပါး (ရွှေဝါထွန်း) (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၇၀,၀၀၀ များဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။
ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) တင်း၁၀၀ လျှင် ၁,၉၇၀,၀၀၀၊ ဧည့်မထ (ဆန်) ၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၈၀,၀၀၀၊ ငစိန်(စပါး)တင်း၁၀၀လျှင် ၁,၉၂၀,၀၀၀၊ ငစိန် (ဆန်)၂၄ပြည်ပါ တစ်အိတ်မှာ ၇၇,၀၀၀၊ ဧရာမင်း(စပါး) တင်း ၁၀၀ လျှင် ကျပ် ၂,၁၅၀,၀၀၀၊ ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၈၅,၀၀၀၊ နွေစပါး(ဒေသမျိုး)(စပါး) တင်း ၁၀၀ လျှင် ကျပ် ၉၀၀,၀၀၀၊ နွေစပါး (ဒေသ မျိုး)(ဆန်)၂၄ပြည်ပါ တစ်အိတ်မှာကျပ် ၈၂,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။
ကသာခရိုင်၊ အင်းတော်မြို့နယ်မှ မှော်ဘီ(၂)(စပါး) တင်း ၁၀၀ လျှင် ကျပ်၁,၉၅၀,၀၀၀၊ မှော် ဘီ(၂) ဆန် ၂၄ပြည် တစ်အိတ် လျှင် ကျပ် ၈၁,၀၀၀၊ ဆင်းဧကရီ(၃)(စပါး) တင်း၁၀၀ လျှင် ကျပ် ၁,၇၀၀,၀၀၀၊ ဆင်းဧကရီ-၃ ဆန် ၂၄ပြည်တစ်အိတ်မှာကျပ် ၇၅,၀၀၀၊ ဧရာမင်း (စပါး)တင်း ၁၀၀လျှင် ကျပ် ၂,၀၂၀,၀၀၀၊ ဧရာမင်း(ဆန်) ၂၄ပြည် ဆန်တစ်အိတ်လျှင် ကျပ် ၉၆,၀၀၀၊ နွေစပါး(ဆင်း-၃)(စပါး) တင်း ၁၀၀ လျှင် ကျပ် ၁,၃၀၀,၀၀၀၊ နွေစပါး (ဆင်း-၃)(ဆန်)၂၄ပြည်ပါ တစ်အိတ်မှာကျပ် ၆၅,၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။
မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၂,၇၀၀,၀၀၀၊ ဧရာမင်း (ဆန်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၁၅,၀၀၀၊ ပေါ်ဆန်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၃,၂၀၀,၀၀၀၊ ပေါ်ဆန်း (ဆန်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၂၀,၀၀၀၊ မနောသုခ(စပါး) တင်း ၁၀၀လျှင် ကျပ် ၂,၀၀၀,၀၀၀၊ မနောသုခ (ဆန်)၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၈၅,၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရ ပါသည်။
ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၂,၆၀၀,၀၀၀၊ ဧရာမင်း (ဆန်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၀၇,၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀လျှင် ကျပ် ၃,၁၀၀,၀၀၀၊ ပေါ်ဆန်း (ဆန်)၂၄ပြည်တစ်အိတ်လျှင် ကျပ် ၁၀၇,၀၀၀၊ နွေစပါး ရွှေဝါထွန်း (စပါး)တင်း ၁၀၀ လျှင် ကျပ် ၁,၆၀၀,၀၀၀၊ ရွှေဝါထွန်း (ဆန်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၇၀,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးမှ ဇူလိုင်လ (စတုတ္တ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၅,၅၀၀၊ မန္တလေး သို့ အိတ်ရေ ၂၆,၄၀၀၊ မကွေး သို့ အိတ်ရေ ၆၀၀၊ နေပြည်တော်သို့ အိတ်ရေ ၆,၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၄,၅၀၀၊ ရှမ်း(မြောက်) သို့အိတ်ရေ ၄,၅၀၀၊ ကချင်သို့ အိတ်ရေ ၁,၈၀၀၊ စုစုပေါင်း အိတ်ရေ (၅၉,၃၀၀)အိတ်၊ တန်အားဖြင့် (၂,၉၆၅) စီးထွက်ခဲ့ပြီး၊ ယခု ဩဂုတ်လ (ပထမ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီး များသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၄,၀၀၀၊ မန္တလေး သို့ အိတ်ရေ ၂၈,၂၀၀၊ မကွေး သို့ အိတ်ရေ ၆၀၀၊ နေပြည်တော်သို့ အိတ်ရေ ၆,၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၄,၀၀၀၊ ရှမ်း(မြောက်) သို့အိတ်ရေ ၄,၀၀၀၊ ကချင်သို့ အိတ်ရေ ၂,၂၀၀၊ စုစုပေါင်း အိတ်ရေ (၅၉,၀၀၀)အိတ်၊ တန်အားဖြင့် (၂,၉၅၀) စီးထွက်ခဲ့သည့်အတွက် ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၃၀၀) တန်အားဖြင့် (၁၅) လျော့နည်း စီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)