စားသုံးသူပြည်သူများသို့ သက်သာသောစျေးနှုန်းဖြင့်စားသောက်ကုန်စည်များရောင်းချပေး

Powered by Drupal

     မွန်ပြည်နယ်အတွင်းရှိ စားသုံးသူပြည်သူများ စားသောက်ကုန်စည်များကို ဈေးနှုန်းချိုသာစွာဝယ်ယူရရှိနိုင်စေ​ရေးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီစဥ်ကြီးကြပ်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်နယ်ဆန်လုပ်ငန်းရှင်များအသင်း၊ ဆီလုပ်ငန်းရှင်များအသင်းတို့အပြင် အသားငါးဟင်းသီးဟင်းရွက်ဈေးသည်များပူးပေါင်းကာ ဆန်၊ စားသုံးဆီ၊ အခြေခံစားကုန်အသား၊ ငါးနဲ့ ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းသက်သာစွာ မြို့နယ်အလိုက် အခွန်လွတ်ဈေးများဖွင့်လှစ်၍ ​ရောင်းချပေးလျက်ရှိပါသည်။

    မုဒုံမြို့နယ်တွင် (၃-၈-၂၀၂၃) ရက်နေ့၊ နံနက် (၀၆း၀၀) နာရီခွဲအချိန်မှစ၍ ဆီ၁ပိဿာလျှင် ပြင်ပပေါက်ဈေးမှာ (၇၅၀၀) ကျပ်ဈေးဖြစ်နေသော်လည်း ၁ပိဿာလျှင် (၅၀၀၀) ကျပ်ဖြင့် (၁၆၅) ပိဿာ၊ ကြက်သား၁ပိဿာ ပြင်ပပေါက်ဈေးမှာ (၁၂၀၀၀) ကျပ်ဖြစ်သော်လည်း  တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်ဖြင့် (၅၀) ပိဿာ၊ ဝက်သား ၁ပိဿာလျှင် ပြင်ပပေါက်ဈေးမှာ (၁၈၀၀၀) ကျပ်ဖြစ်သော်လည်း  (၁၃၅၀၀) ကျပ်ဖြင့် (၅၂)ပိဿာ၊ ဆိတ်သား ၁ပိဿာလျှင် ပြင်ပပေါက်ဈေးမှာ (၂၃၀၀၀) ကျပ်ဖြစ်သော်လည်း (၂၁၀၀၀) ကျပ်ဖြင့် (၂၀) ပိဿာ၊ အမဲသား ၁ပိဿာလျှင် ပြင်ပပေါက်ဈေးမှာ (၂၀၀၀၀) ကျပ်ဖြစ်သော်လည်း  (၁၃၀၀၀) ကျပ်ဖြင့် (၁၀) ပိဿာ၊ ကြက်ဥ (၁) လုံးလျှင် ပြင်ပပေါက်ဈေးမှာ (၃၀၀) ကျပ်ဖြစ်သော်လည်း (၂၅၀) ကျပ်ဖြင့် (၃၀၀) လုံး၊ ကအစ်ငါး ၁ပိဿာလျှင် ပြင်ပပေါက်ဈေးမှာ (၁၅၀၀၀) ကျပ်ဖြစ်သော်လည်း  (၁၀၀၀၀) ကျပ်ဖြင့် (၅) ပိဿာ၊ ကင်းပုစွန် (လတ်) ၁ပိဿာလျှင် ပြင်ပပေါက်ဈေးမှာ (၂၅၀၀၀) ကျပ်ဖြစ်သော်လည်း  (၂၀၀၀၀) ကျပ်ဖြင့် (၁၀) ပိဿာ၊ ကင်းပုစွန် (သေး) ၁ပိဿာလျှင် ပြင်ပပေါက်ဈေးမှာ (၁၅၀၀၀) ကျပ်ဖြစ်သော်လည်း (၁၀၀၀၀) ကျပ်ဖြင့် (၅) ပိဿာ၊ ရုံးပတီသီး ၁ပိဿာလျှင် ပြင်ပပေါက်ဈေးမှာ (၂၀၀၀) ကျပ်ဖြစ်နေသော်လည်း  (၁၅၀၀) ကျပ်ဖြင့် (၄) ပိဿာ၊ မုန်ညှင်း ၁ပိဿာလျှင် ပြင်ပပေါက်စျေးမှာ (၃၀၀၀) ကျပ်ဖြစ်သော်လည်း (၂၅၀၀) ကျပ်ဖြင့် (၅) ပိဿာ၊ နံနံပင် ၁ပိဿာလျှင် ပြင်ပပေါက်စျေးမှာ (၅၀၀၀) ကျပ်ဖြစ်သော်လည်း  (၂၀၀၀) ကျပ်ဖြင့် (၁.၅) ပိဿာ၊ ပဲငပိ ၁ပိဿာလျှင် ပြင်ပပေါက်စျေးမှာ (၄၀၀၀) ကျပ်ဖြစ်သော်လည်း  (၃၀၀၀) ကျပ်ဖြင့် (၄) ပိဿာတို့ကို အထက်ပါ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်းသိရပါသည်။

     အခြေခံစားသောက်ကုန်များကို ဇူလိုင်လ ၈ရက်နေ့၊ နံနက်ပိုင်းအချိန်မှစတင်၍ အပတ်စဥ် စနေနေ့နှင့် တနင်္ဂနွေနေ့အားလပ်ရက်တိုင်းတွင် မော်လမြိုင်မြို့၊ ဘိုကုန်းရပ်ကွက်ရှိ သံလွင်ဈေးတွင် ရောင်းချပေးလျက်ရှိကြောင်းလည်းသိရှိရပါသည်။

DOCA(မွန်)