တောင်ငူခရိုင်၊ ဖြူးမြို့၊ သပြေလှကျေးရွာရှိ ဦးချစ်ဖြိုးဝင်းပိုင်၏ ဝါးဆိုင်တွင် ဝါးအမျိုးအစား စုံလင်စွာရောင်းချပေးလျက်ရှိပါသည်။ ထို့ပြင် ဝါးနှင့်ဆက်စပ်ပစ္စည်းများဖြစ်သည့် ဝါးထရံ၊ ဝါး ကုလားထိုင်များနှင့် ဝါးနှီးများကိုလည်းရောင်းချပေးလျက်ရှိပါသည်။
ဝါးအမျိုးအစားများအနေဖြင့် အရှင်ဝါး၊ ဝါးနက်၊ ဝါးကြီးများကို အဓိကရောင်းချပေးနေကြောင်းနှင့် ဈေးနှုန်းများအနေဖြင့် အရှင်ဝါးတစ်လုံးလျှင် ၃၀၀ကျပ်မှ ၃၅၀ကျပ်အထိ၊ ဝါးနက် အလုံးချောတစ်လုံးလျှင် အကြီး/ အလတ်/ အသေးအပေါ်မူတည်၍ တစ်လုံးလျှင် (၈၀၀ - ၉၀၀ - ၁၀၀၀) ကျပ်၊ ဝါးကြီးအချောတစ်လုံးလျှင်လည်း အကြီး/ အလတ်/ အသေးအပေါ်မူတည်၍ တစ်လုံးလျှင် (၁၇၀၀ - ၁၈၀၀ - ၂၀၀၀) ကျပ်ဈေးတို့ဖြင့် ရောင်းချပေးလျက်ရှိပါသည်။
အရှင်ဝါးမှာ ဝါးသေးဖြစ်၍ စိုက်ပျိုးရေးလုပ်ငန်းများတွင် စင်ထိုး၍ပေးရသောအပင်များအတွက် အသုံးပြုနိုင်ပါသည်။ ဝါးနက်မှာထရံရက်ရာတွင် အသုံးပြု၍ရသကဲ့သို့ နေအိမ်များဆောက်လုပ်ရာတွင် ဆင့်အဖြစ်အသုံးပြု၍လည်းရပါသည်။ ဝါးကြီးမှာ အိမ်များတွင် ကြမ်းခင်းခြင်းနှင့် ခြံစည်းရိုးကာရံသည့်အခါတို့တွင် အသုံးပြုနိုင်ပါသည်။
သပြေလှကျေးရွာ၊ ဦးချစ်ဖြိုးဝင်း၏ ဝါးဆိုင်တွင် ဒေသပတ်ဝန်းကျင်ရှိ မြို့များဖြစ်သော ကညွတ်ကွင်း၊ ညောင်ပင်သာနှင့် တောကျွဲအင်းမြို့များမှ ဖောက်သည်များကလည်း လာရောက်ဝယ်ယူကြပါသည်။ ပွင့်လင်းရာသီဖြစ်သောနွေရာသီတွင် ဝါးမှာ ရောင်းအားအကောင်းဆုံးဖြစ်ကြောင်း လေ့လာခဲ့မှုကိုသိရှိရပါသည်။
DOCA(ပဲခူး)