မော်လမြိုင်မြို့ သံလွင်ဈေးအတွင်း အရောင်းအဝယ်ဖြစ်နေသော ကုန်ဈေးနှုန်းအခြေအနေ

Powered by Drupal

         ၂၀၂၃ ခုနှစ် ဩဂုတ်လ ဒုတိယအပတ်အတွင်း မော်လမြိုင်မြို့ သံလွင်ဈေးအတွင်း အခြေခံစားကုန်များဖြစ်သော ပေါ်ဆန်း(ဆန်)(သစ်) ၂၄ပြည်ပါတစ်အိတ်လျှင် ကျပ် (၉၅၅၀၀)၊ ဧည့်မထ(ဆန်)(သစ်) ၂၄ပြည်ပါတစ်အိတ်လျှင် ကျပ် (၆၉၀၀၀)၊ စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် (၇၅၀၀)၊ မြေပဲဆီ တစ်ပိဿာလျှင် ကျပ် (၁၄၅၀၀)၊ ကြက်သွန်နီ(အသစ်) တစ်ပိဿာလျှင် ကျပ် (၂၆၀၀) ၊ ဂျင်း တစ်ပိဿာလျှင် ကျပ် (၇၀၀၀)၊ ကြက်သွန်ဖြူ(ရှမ်းစ) တစ်ပိဿာလျှင် ကျပ် (၁၂၀၀၀)၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် ကျပ် (၉၀၀၀)၊ ဆား တစ်ပိဿာလျှင် ကျပ် (၈၀၀)၊ အာလူး တစ်ပိဿာလျှင် ကျပ် (၄၀၀၀)၊ မန်ကျည်းသီးမှည့် တစ်ပိဿာလျှင် ကျပ် (၅၀၀၀)၊ ငရုတ်ခြောက်ရှည် တစ်ပိဿာလျှင် ကျပ် (၁၇၀၀၀)၊ နနွင်းတက် တစ်ပိဿာလျှင် ကျပ် (၇၀၀၀)၊ ပဲနီလေး (မြန်မာ) တစ်ပိဿာလျှင် ကျပ် (၇၀၀၀)၊ ကုလားပဲခြမ်း တစ်ပိဿာလျှင် ကျပ် (၇၀၀၀)၊ မြေပဲဆံ တစ်ပိဿာလျှင် ကျပ် (၁၀၀၀၀)၊ သကြား တစ်ပိဿာလျှင် ကျပ် (၁၂၀၀၀)၊ မွေးမြူရေးကြက် တစ်ပိဿာလျှင် ကျပ် (၁၈၀၀၀)၊ ဝက်သား တစ်ပိဿာလျှင် ကျပ် (၃၀၀၀၀)၊ ဆိတ်သား တစ်ပိဿာလျှင် ကျပ် (၁၈၀၀၀)၊ အမဲသား တစ်ပိဿာလျှင် ကျပ် (၁၆၀၀၀)၊ ငါးကြင်း တစ်ပိဿာလျှင် ကျပ် (၁၀၀၀၀)၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် ကျပ် (၁၀၀၀၀)၊ ကြက်ဥ တစ်လုံးလျှင် ကျပ် (၃၀၀)၊ ဘဲဥ တစ်လုံးလျှင် ကျပ် (၄၀၀)၊ ကန်စွန်းရွက် တစ်စည်းလျှင် ကျပ် (၂၀၀)၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ် (၂၅၀၀)၊ ပဲတောင့်ရှည်တစ်စည်းလျှင် ကျပ် (၅၀၀) ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိပြီး၊ ဇူလိုင်လနောက်ဆုံးအပတ်အတွင်း အရောင်းအဝယ်ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းထက်အနည်းငယ်မြင့် တက်လာခဲ့ကြောင်း ဈေးဆိုင်များထံမှသိရှိရပါသည်။

DOCA (မွန်)