တောင်ငူမြို့၊ ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက်ဈေး၌ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ၊ ဒုတိယအပတ်တွင် ငရုတ်သီးစိမ်း (မိုးထောင်သီး) မှာ တစ်ပိဿာလျှင် ၅၀၀၀ကျပ်မှ ၆၀၀၀ကျပ်အထိ၊ ကုလားအော်သီးမှာ တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်၊ ငရုပ်သီးစိမ်း (ကျောက်စိမ်းသီး) မှာ တစ်ပိဿာလျှင် ၃၀၀၀ကျပ်မှ ၄၀၀၀ကျပ်အထိတို့ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။
ခရမ်းသီး (အဖြူ) မှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၁၅၀၀ကျပ်မှ ၁၇၀၀ကျပ်အထိရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၈၀၀ကျပ်မှ ၂၀၀၀ကျပ်အထိ၊ ခရမ်းသီး (အညို) မှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၁၈၀၀ကျပ်မှ ၂၀၀၀ကျပ်အထိရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၂၀၀၀ကျပ်မှ ၂၅၀၀ကျပ်အထိတို့ဖြင့် ဈေးနှုန်းများဆက်လက်မြင့်တက်လာခဲ့ပါသည်။
ဒေသသခွားသီးမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၇၀၀ကျပ်မှ ၈၀၀ကျပ်အထိရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၅၀၀ကျပ်မှ ၆၀၀ကျပ်အထိ၊ ရှမ်းပြည်သခွားသီးမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၈၀၀ကျပ်မှ ၉၀၀ကျပ်အထိရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၆၀၀ကျပ်မှ ၇၀ကျပ်အထိ၊ ဂေါ်ဖီမှာ ယခင်လကုန်ပိုင်းတွင် တစ်ပိဿာလျှင် ၁၂၀၀ကျပ်မှ ၁၅၀၀ကျပ်အထိရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၉၀၀ကျပ်မှ ၁၁၀၀ကျပ်အထိတို့ဖြင့် ဈေးနှုန်းများအနည်းငယ်ကျဆင်းလာခဲ့ပါသည်။
ခရမ်းချဉ်သီး (ရှမ်းပြည်သီး) မှာ ယခင်လကုန်ပိုင်းတွင် တစ်ပိဿာလျှင် ၁၅၀၀ကျပ်မှ ၁၇၀၀ကျပ်အထိရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၇၀၀ကျပ်မှ ၂၀၀၀ကျပ်အထိတို့ဖြင့် ဈေးနှုန်းများအနည်းငယ်တက်နေပြီး ခရမ်းချဉ်သီး (ဒေသသီး) မှာ တစ်ပိဿာလျှင် ၃၂၀၀ကျပ်မှ ၃၅၀၀ကျပ်အထိတို့ရှိပါသည်။
နံနံပင်မှာ ယခင်အပတ်တွင် တစ်ဆယ်ကျပ်သားလျှင် ၅၀၀ကျပ်မှ ၆၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၄၀၀ကျပ်မှ ၅၀၀ကျပ်အထိ၊ မုန်ညင်းဖြူမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၁၈၀၀ကျပ်မှ ၂၀၀၀ကျပ်အထိတို့ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၅၀၀ကျပ်မှ ၁၈၀၀ကျပ်အထိတို့ဖြင့် ဈေးနှုန်းများအနည်းငယ်ကျဆင်းလာခဲ့ပြီး မုံလာဥဖြူမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၁၈၀၀ကျပ်မှ ၂၀၀၀ကျပ်အထိတို့ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၂၀၀၀ကျပ်မှ ၂၂၀၀ကျပ်အထိ၊ မုံလာဥနီမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၂၀၀၀ကျပ်မှ ၂၂၀၀ကျပ်အထိတို့ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၂၅၀၀ကျပ်မှ ၂၈၀၀ကျပ်အထိတို့ဖြင့် ဈေးနှုန်းများမြင့်တက်လာခဲ့ပါသည်။
ကန်စွန်းရွက်မှာ တစ်စည်းလျှင် ၁၅၀ကျပ်၊ ၁၀စည်းယူလျှင် ၁၂၀၀ကျပ်၊ ချဉ်ပေါင်ရွက်မှာ တစ်စည်းလျှင် ၁၀၀ကျပ်၊ ၁၀စည်းယူလျှင် ၆၀၀ကျပ်၊ ကင်ပွန်းချဉ်ရွက်မှာ တစ်စည်းလျှင် ၁၅၀ကျပ်နှင့် ၁၀စည်းယူလျှင် ၁၂၀၀ကျပ်တို့ရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)