မင်းဘူးမြို့မဈေးအတွင်းရှိ စားဖိုဆောင်သီးနှံများ၏ ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

    ၂၀၂၃ခုနှစ်၊ ဇူလိုင်လ(စတုတ္တပတ်တွင်)တွင် မင်းဘူးမြို့မဈေးအတွင်း၌ ရောင်းချလျက်ရှိသော အခြေခံစားကုန်ဖြစ်သည့် ကြက်သွန်နီဈေးနှုန်းများမှာ (၁)ပိဿာလျှင် ကျပ်(၂၂၀၀)ဖြစ်ပြီး ရေနံချောင်းမြို့နယ်၊ ပင်းချောင်းတလျှောက်ရှိ ကျေးရွာများနှင့်ပွင့်ဖြူ (မဲဇလီ)၊ စလင်း၊ ဆင်ဖြူကျွန်း မြို့များမှထွက်ရှိသော ကြက်သွန်နီများကို ၀ယ်ယူရောင်းချကြောင်းနှင့် စားဖိုဆောင်သီးနှံ ကြက်သွန်ဖြူ (ကြူကုတ်) (၁)ပိဿာလျှင်ကျပ်(၇၅၀၀-၇၈၀၀)၊ ကြက်သွန်ဖြူ (ဗမာ) (၁)ပိဿာလျှင်ကျပ် (၈၀၀၀)၊ အာလူး (၁)ပိဿာလျှင်ကျပ်(၂၈၀၀-၃၀၀၀)၊ ငရုတ်ခြောက် (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ သကြား (၁)ပိဿာလျှင် ကျပ်(၃၄၀၀)၊ မြေပဲဆံ(၁)ပြည်လျှင် ကျပ်(၇၅၀၀)၊  ဆားကြမ်း (၁)ပိဿာ လျှင် ကျပ်(၅၀၀)၊ ကြက်ဥ(၁)လုံးလျှင် ကျပ်(၂၅၀)ဖြစ်ကြောင်း ယခင်အပတ်ထက် ဈေးအနည်းငယ် အတက်၊ အကျရှိကြောင်း  ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

    စားသုံးဆီဈေးနှုန်းမှာ နှမ်းဆီ (၁)ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ ပဲဆီ (၁)ပိဿာလျှင် ကျပ် (၁၃၀၀၀)၊ စားအုန်းဆီ (၁)ပိဿာလျှင် ကျပ်(၈၀၀၀)ဖြစ်ပြီး ဈေးအနည်းငယ် အတက်၊ အကျရှိကြောင်း၊ ဧရာပဒေသာဆန် (၁)အိတ်လျှင် ကျပ်(၉၀၀၀၀-၁၀၀၀၀၀)၊ မနောသုခ ဆန်(၁)အိတ်လျှင် ကျပ် (၇၅၀၀၀-၈၀၀၀၀)ဖြစ်၍ ဆန်ဈေးအနည်းငယ်တက်နေကြောင်း မြို့မဈေး၌ရောင်းချနေသော ဆန်ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)