မော်လမြိုင်မြို့၏ ဘိလပ်မြေ၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးနှင့် ရော်ဘာဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

  မော်လမြိုင်မြို့၌ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ၊ ပထမအပတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ်အေးနေပြီး ဈေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်းသိရှိရသည်။ ဈေးကွက်ထဲ၌ အရောင်းအဝယ်ပုံမှန်ဖြစ်နေသောဈေးမှာ ယခင်အပတ်တွင်  ကြံ့နှစ်ကောင် (အနီ) တစ်အိတ်လျှင် ကျပ်၁၀၅၀၀၊  ထိုင်း (ဆင်) တစ်အိတ်လျှင် ကျပ်၁၆၂၀၀၊ ကြံ့တံဆိပ် (အပြာ) တစ်အိတ်လျှင် ကျပ် ကျပ်၁၀၂၀၀ရှိခဲ့ပြီး ယခုအပတ်တွင်  ကြံ့နှစ်ကောင် (အနီ) တစ်အိတ်လျှင် ကျပ်၁၀၆၀၀၊ ထိုင်း (ဆင်) တစ်အိတ်လျှင် ကျပ်၁၆၅၀၀၊ ကြံ့တံဆိပ် (အပြာ) တစ်အိတ်လျှင် ကျပ်၁၀၄၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး မော်လမြိုင်မြို့၌ ဓာတ်မြေဩဇာနှင့် ပိုသတ်ဆေးဈေးနှုန်းမှာ အရောင်းအဝယ်အေးနေကာ ဈေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ကြောင်းသိရှိရပါသည်။

   ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်နေသောဓာတ်မြေဩဇာဈေးနှုန်းမှာ ယခင်တစ်ပတ်တွင် ကွန်ပေါင်း (မြန်မာ့ဩဘာ ရွှေကောမက်) ၁၅:၁၅:၁၅ 50kg ပါ တစ်အိတ်လျှင် ကျပ်၁၂၈၀၀၀၊ ကွန်ပေါင်း ၂၀:၁၂:၁၂  50kg ပါ တစ်အိတ်လျှင် ကျပ်၁၃၉၀၀၀၊ ကွန်ပေါင်း (Thai Grow How) ၁၅:၁၅:၁၅ 50kg ပါ တစ်အိတ်လျှင် ကျပ်၁၃၉၀၀၀၊ ပုလဲ (အသေး) ၄၆%  မြန်မာ (MPE) 50kg ပါ တစ်အိတ်လျှင် ကျပ်၈၀၀၀၀၊ ပုလဲ (အကြီး) ၄၆% ထိုင်း (မြင်းပျံ) 50kg ပါ တစ်အိတ်လျှင် ကျပ်၁၀၀၀၀၀၊ ပိုတက် (အာမို) 50kg ပါ       တစ်အိတ်လျှင် ကျပ်၁၂၀၀၀၀၊  ပိုသတ်ဆေးအမျိုးအစားဖြစ်သည့် မာလာမြိုင်ဆိုက်ပါ ၁၀% (သီးရွက်စုံ) 100cc တစ်ပုလင်းလျှင် ကျပ် (၃၁၀၀)၊ မာလာမြိုင်ဆိုက်ပါ ၁၀% (သီးရွက်စုံ) 500cc တစ်ပုလင်းလျှင် ကျပ် (၁၃၈၀၀) ရှိခဲ့ပြီး ယခုအပတ်တွင်  ကွန်ပေါင်း (မြန်မာ့ဩဘာ ရွှေကောမက်) ၁၅:၁၅:၁၅ 50kg ပါ တစ်အိတ်လျှင် ကျပ်၁၄၀၀၀၀၊ ကွန်ပေါင်း ၂၀:၁၂:၁၂ 50kg ပါ တစ်အိတ်လျှင် ကျပ်၁၃၉၀၀၀၊ ကွန်ပေါင်း (Thai Grow How) ၁၅:၁၅:၁၅ 50kg ပါ တစ်အိတ်လျှင် ကျပ်၁၅၀၀၀၀၊ ပုလဲ (အသေး) ၄၆%  မြန်မာ (MPE) 50kg ပါ တစ်အိတ်လျှင် ကျပ်၈၂၀၀၀၊ ပုလဲ (အကြီး) ၄၆% ထိုင်း (မြင်းပျံ) 50kg ပါ တစ်အိတ်လျှင် ကျပ်၉၀၀၀၀၊ ပိုတက် (အာမို) 50kg ပါ တစ်အိတ်လျှင် ကျပ်၁၂၀၀၀၀၊  ပိုသတ်ဆေးအမျိုးအစားဖြစ်သည့် မာလာမြိုင်ဆိုက်ပါ ၁၀% (သီးရွက်စုံ) 100cc တစ်ပုလင်းလျှင် ကျပ် (၃၁၀၀)၊ မာလာမြိုင်ဆိုက်ပါ ၁၀% (သီးရွက်စုံ) 500cc တစ်ပုလင်းလျှင် ကျပ် (၁၃၈၀၀) ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

 မွန်ပြည်နယ်တွင် ဇွန်လဆန်းမှစ၍ မိုးများစတင်ရွာသွန်းနေပြီဖြစ်သောကြောင့် ရော်ဘာ အစေးခြစ်ခြင်းလုပ်ငန်းကိုရပ်နားထားကြပါသည်။ မွန်ပြည်နယ်အတွင်းရှိ ရော်ဘာအဝယ်ဒိုင်များအနေဖြင့် အပတ်စဉ် အရောင်းအဝယ်ပုံမှန်ရှိနေ‌သော်လည်း ဩဂုတ်လဆန်းမှစ၍ မိုးများအဆက်မပြတ်ရွာသွန်းခြင်း၊ မြို့နယ်တချို့တွင် ရေကြီးနေခြင်းကြောင့် အဝယ်ဒိုင်များအနေဖြင့် ဈေးကွက်ယာယီပိတ်ထားကြောင်းသိရှိရသည်။ ရော်ဘာဈေးနှုန်းမှာ အဖွင့်ရာသီတွင် RSS-3 တစ်ပေါင်လျှင် ကျပ် (၁၀၈၀) ၊RSS-5 တစ်ပေါင်လျှင် ကျပ် (၁၁၀၀) ရှိခဲ့ပြီး ဩဂုတ်လ ၁ရက်နေ့မှ ၁၄ရက်နေ့အထိ ဈေးကွက်ပိတ်ထားကြောင်းသိရှိရသည်။ မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ သယ်ယူခနှုန်းထားမှာ (50)kg ပါ တစ်ထုပ်လျှင် ကျပ်၁၇၅၀၊ ရော်ဘာတစ်တန်လျှင် ကျပ်၃၅၀၀၀၊ မော်လမြိုင်မြို့မှ မန္တလေးမြို့သို့ (50) kg ပါ တစ်ထုပ်လျှင် ကျပ်၂၇၅၀၊ ရော်ဘာတစ်တန်လျှင် ကျပ်၅၅၀၀၀ဖြင့် သယ်ယူပို့ဆောင်ပေးရကြောင်း ရော်ဘာကုန်သည်များထံမှသိရှိရပါသည်။

DOCA(မွန်)