သာယာဝတီခရိုင်၏ မတ်ပဲဈေးနှုန်းနှင့် စီးထွက်မှုအခြေအနေ

Powered by Drupal

   သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များမှ မတ်ပဲဈေးနှုန်းများအနေဖြင့် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ နောက်ဆုံးအပတ်မှစတင်၍  ဈေးနှုန်းများမြင့်တက်လာလျက်ရှိပါသည်။ ဇူလိုင်လ၊ နောက်ဆုံးအပတ်တွင် ပိဿာ ၂၀ဝင် တစ်တင်းလျှင် ၇၆၀၀၀/ကျပ်နှင့် ဩဂုတ်လ၊ ပထမအပတ်တွင် ၇၇၃၀၀/ကျပ်အထိမြင့်တက်လျက်ရှိရာ ယခုဩဂုတ်လ၊ ဒုတိယအပတ်တွင်မူ ပိဿာ ၂၀ဝင် တစ်တင်းလျှင်  ၇၆၅၀၀ကျပ်ဖြစ်၍ အနည်းငယ်ပြန်လည်ကျဆင်းသွားခဲ့ကြောင်း သိရှိရပါသည်။ စီးထွက်မှုအနေဖြင့် ဇူလိုင်လ၊ နောက်ဆုံးအပတ်တွင် ရန်ကုန်သို့ မတ်ပဲ (၉၁၉၀၀) အိတ်ခန့်အထိပို့ဆောင်နိုင်ခဲ့ပြီး ဩဂုတ်လ၊ ပထမအပတ်တွင် အိတ်လုံးရေ (၅၉၄၀၀) ခန့်အထိတင်ပို့ခဲ့ကြောင်းသိရှိရပါသည်။  ယခင်အပတ်နှင့်  ယခုအပတ်၌ တင်ပို့မှုအနည်းငယ်လျော့နည်းသွားရခြင်းမှာ မိုးများ၍ လမ်းခရီးအခက်အခဲများကြောင့် တင်ပို့မှုလျော့နည်းသွားရခြင်းဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)