လူသားတို့သည် သမုဒ္ဒရာဝမ်းတစ်ထွာအတွက် နေ့စဉ် ချက်ပြုတ်စားသောက်ကြရပါသည်။ ယခင်အခါများတွင် ထင်းမီးဖို၊ မီးသွေးမီးဖိုများဖြင့် ချက်ပြုတ်ရာတွင် မီးခိုးမွှန်ခြင်း၊ အိုးခွက်များညစ်ပေခြင်းများဖြစ်ရပါသည်။ ယခုအခါတွင် မြို့ကြီးများ၌သာမက ကျေးလက်တောရွာများ၌ပါ လျှပ်စစ်မီးများရရှိနေပြီဖြစ်သဖြင့် လျှပ်စစ်မီးဖြင့် အိုးခွက်ပန်းကန်များလည်းညစ်ပေမှုနည်းပါးပြီး သက်တောင့်သက်သာစွာချက်ပြုတ်နိုင်ကြပါသည်။
သို့ရာတွင် လျှပ်စစ်မီးများအချိန်ပိုင်းသာရရှိသည့်အချိန်ကာလများ၌ လျှပ်စစ်မီးဖြင့် ချက်ပြုတ်ရသကဲ့သို့ အိုးခွက်ပန်းကန်များညစ်ပေမှုနည်းပြီး အချိန်ကုန်လည်းသက်သာသည့် Gas မီးဖိုများမှာ အသုံးတွင်ကျယ်လာပါသည်။ တောင်ငူမြို့၊ “မင်းညီညီ” စက်သုံးဆီအရောင်းဆိုင်မှ National အမှတ်တံဆိပ် Gas မီးဖိုမှာ ဈေးနှုန်းအားဖြင့် ၃၅၀၀၀၀ကျပ်မှ ၄၀၀၀၀ကျပ်အထိရှိပြီး အသက်သာဆုံးဖြစ်သည့်အတွက် ရောင်းရကြောင်းသိရပါသည်။
၎င်း National အမှတ်တံဆိပ် Gas မီးဖိုနှင့်တွဲဖက်အသုံးပြုသည့် Gas ဘူး အသေးတစ်ဘူးလျှင် (Gas အပါ) ၂၅၀၀ကျပ်ရှိပြီး Gas ကုန်၍ Gas ဖြည့်လျှင် တစ်ဘူးကို ၇၀၀ကျပ်ရှိပါသည်။ ၎င်းမီးဖိုမှာ မိသားစုနှစ်ဦး/ သုံးဦးအတွက် ချက်ပြုတ်ရာတွင် အဆင်ပြေပါသည်။
National အမှတ်တံဆိပ်နည်းတူ အခြားရောင်းအားကောင်းသောအမျိုးအစားမှာ DYNAHOME အမှတ်တံဆိပ် Gas မီးဖိုဖြစ်ပါသည်။ ၎င်းမီးဖိုမှာ Gas အိုးအကြီးတစ်အိုးအပါ ၉၅၀၀၀ကျပ်ရှိပါသည်။ ၎င်းမီးဖိုနှင့်တွဲလျက်ပါရှိသည့် Gas အိုးမှာ Gas ကုန်၍ Gas ဖြည့်လျှင် အနည်းဆုံး Gas တစ်ပိဿာဖြည့်ရပြီး Gas တစ်ပိဿာမှာ ၄၂၀၀ကျပ်ရှိပါသည်။ ၎င်းမီးဖိုမှာ တန်ဖိုးကြီးသော်လည်း မိသားစုများသူအတွက် အလွန်သင့်တော်ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)